ဖရူဆိုမှာ စစ်ကော်မရှင်တပ် ယာဉ်ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဖျက်ဆီး၊ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ

ဖရူဆိုမှာ စစ်ကော်မရှင်တပ် ယာဉ်ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဖျက်ဆီး၊ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ
Photo credit - KT (ပုံဟောင်း)
Photo credit - KT (ပုံဟောင်း)

ကရင်နီပြည်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာလှုပ်ရှားတဲ့ စစ်ကော်မရှင်တပ်ရဲ့ ယာဥ်တန်းတချို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကား(၁)စီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။

စက်တင်ဘာလ နောက်ဆုံးပတ်နဲ့ အောက်တိုဘာလ ပထမပတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ရဲ့ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သလို အဲ့ဒီတိုက်ခိုက်မှုမှာပဲ အရာရှိလို့ ယူဆရတဲ့ စစ်ကော်မရှင်တပ်သားတချို့ သေဆုံးခဲ့တယ်လို့ အောက်တိုဘာလ ၆ ရက်နေ့မှာ KNDF က ထုတ်ပြန်ထားတာပါ။ ဖျက်ဆီးနိုင်ခဲ့တဲ့ ယာဉ်တန်း၊ တိုက်ပွဲအခြေအနေနဲ့ ပတ်သတ်ပြီး ကန္တာရဝတီတိုင်း (မ်) က KNDF ကို အ‌သေးစိတ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကတည်းက အစီးရေ ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ ယာဉ်တန်းက ဒီးမော့ဆိုကနေ ဖရူဆိုမြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကားယာဉ်တန်းကို စုဖွဲ့ထားကာ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းကနေ ဘောလခဲဖက်ကို ဦးတည်ပြီး စစ်ကြောင်းတချို့ လှုပ်ရှားမှုရှိတယ်လို့ KNDF က ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှုရှိတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ရှိနေတာကြောင့် လူထုတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက အခုလို ပြောပါတယ်။

“ဒီးမော့ဆို – ဖရူဆို လမ်းမကြီးဆိုရင်လည်း လုံးဝသုံးလို့မရဘူး သွားလာလို့မရဘူး စစ်ကောင်စီတပ်သားတွေ အပြည့်ရှိတယ်။ ဖရူဆိုကနေမှ ဘောလခဲလမ်းမကြီးပေါ့ တချို့ဆို ဖြတ်သန်းသွားလာတာတွေရှိတယ်။ အဲ့ဒီကနေလည်း အသွားအလာတွေမလုပ်ဖို့ စစ်ကောင်စီက အချိန်မရွေး လမ်းမကြီးပေါ် ရောက်လာနိုင်တယ်။ ကိုယ့်လုံခြုံရေးကို အလေးထားပြီးတော့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့ မေတ္တာရပ်ခံပါတယ်။”လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှာလည်း ထိုးစစ်တွေ နေ့စဥ်နဲ့အမျှရှိနေပြီး စစ်ကော်မရှင်က လက်နက်ကြီး နဲ့ ဒရုန်း အသုံးပြုတိုက်ခိုက်နေတာကြောင့် လူထုတွေ သတိထားကြဖို့ကို KNDF က တိုက်တွန်ထားပါတယ်။

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...