ကျုံပိုင်းတွင် စစ်တပ်လက်နက်ကြီးကျ၍ ၇ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ပျက်စီးသွား

ကျုံပိုင်းတွင် စစ်တပ်လက်နက်ကြီးကျ၍ ၇ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ပျက်စီးသွား

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကျုံပိုင်းကျေရွာအုပ်စု၊ ကော့ဒေးဆိုင်ရွာနှင့် ကေ့ဝါးဘိုးရွာသို့ အာဏာသိမ်းစစ်တပ် ခြေမြန်တပ်ရင်း (ခမရ-၅၄၅) တပ်က စက်တင်ဘာ ၂၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရှိပြီး ရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယခုလို စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့ဒေးဆိုင်ရွာတွင် ဒေသခံ ၂ ဦးနှင့် ကော့ဝါးဘိုးရွာတွင် ဒေသခံ ၅ ဦးတို့ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု သိရသည်။

“ကော့ဒေးဆိုင်ရွာ ဘုန်ကြီးကျောင်းကို နေ့လည်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ၂ ဦး ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းတော့ တော်တော်လေးပျက်စီးသွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ကျုံဒိုး မြို့နယ်အတွင်း ကျုံပိုင်း၊ အင်းကြီး ရွာဘက်သို့ စစ်တပ်က ဩဂုတ်လ ၃၀ ရက်မှ စ၍ စစ်ကြောင်းထိုးနေပြီး ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက် တပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်များက စစ်တင်ဘာ ၂၁ ရက်နေ့အထိ ဖြတ်တောက်တိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ယခုလို စစ်ကြောင်းထိုးချိန်တွင် ကျုံဒိုး အခြေစိုက် စစ်တပ်ရင်းများက လက်နက်ကြီးပစ်ကူပေး ပစ်ခတ်၍ ဘာသာရေး အဆောက်အဦးများ လက်နက်ကြီး ထိမှန်သွားခြင်း ဖြစ်သည်။

နောက်ဆုံးရရှိထားသည့် သတင်းများအရ ကျုံဒိုး၊ ကျုံဘိုင်း၊ အင်းကြီး ဒေသ တိုက်ပွဲတွင် စစ်တပ်ဘက်က အရာရှိ အပါအဝင် တပ်သားများ ထိခိုက်သေဆုံးမှုများပြားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း တချို့ ထိခိုက်မှု ရှိသည်ဟု သိရသည်။

လက်ရှိ ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းကို စစ်တပ်က ပြန်စိုးမိုးထားသည်ဟု ပြောဆိုသော်လည်း အပြည့် အဝ မထိန်းချုပ်နိုင်သလို လမ်းပြန်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံ အသီးသီးထံမှ သိရသည်။

Photo credit - CJ

July 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က လေးကေကော်မှတစ်ဆင့် ဖလူး-...
July 8, 2026
ကရင်ပြည်၊ ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့...
July 7, 2026
ကရင်ပြည်၊ မြဝတီ (ရာမတီး) မြို့နယ်တောင်ပိုင်းရှိ ထီးမူးထချောင်းတွင် ကရင်နယ်ခြားစောင့်တပ် (BGF) က...
July 6, 2026
ကရင့်ပညာရေးကဏ္ဍမှ ကျောင်းဆရာ၊ ဆရာမများကို ကူညီထောက်ပံ့နိုင်ရန် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (...