ကျုံပိုင်းတွင် စစ်တပ်လက်နက်ကြီးကျ၍ ၇ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ပျက်စီးသွား

ကျုံပိုင်းတွင် စစ်တပ်လက်နက်ကြီးကျ၍ ၇ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း ပျက်စီးသွား

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကျုံပိုင်းကျေရွာအုပ်စု၊ ကော့ဒေးဆိုင်ရွာနှင့် ကေ့ဝါးဘိုးရွာသို့ အာဏာသိမ်းစစ်တပ် ခြေမြန်တပ်ရင်း (ခမရ-၅၄၅) တပ်က စက်တင်ဘာ ၂၃ ရက်နေ့၊ နေ့လည်ပိုင်းတွင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦး ဒဏ်ရာရှိပြီး ရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ယခုလို စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့ဒေးဆိုင်ရွာတွင် ဒေသခံ ၂ ဦးနှင့် ကော့ဝါးဘိုးရွာတွင် ဒေသခံ ၅ ဦးတို့ထိခိုက်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု သိရသည်။

“ကော့ဒေးဆိုင်ရွာ ဘုန်ကြီးကျောင်းကို နေ့လည်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ၊ ၂ ဦး ဒဏ်ရာရတယ်။ ဘုန်းကြီးကျောင်းတော့ တော်တော်လေးပျက်စီးသွားတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ကျုံဒိုး မြို့နယ်အတွင်း ကျုံပိုင်း၊ အင်းကြီး ရွာဘက်သို့ စစ်တပ်က ဩဂုတ်လ ၃၀ ရက်မှ စ၍ စစ်ကြောင်းထိုးနေပြီး ဒေသတွင်းရှိ ကရင်အမျိုးသားလွတ်မြောက် တပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်များက စစ်တင်ဘာ ၂၁ ရက်နေ့အထိ ဖြတ်တောက်တိုက်ခိုက်နေကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။

ယခုလို စစ်ကြောင်းထိုးချိန်တွင် ကျုံဒိုး အခြေစိုက် စစ်တပ်ရင်းများက လက်နက်ကြီးပစ်ကူပေး ပစ်ခတ်၍ ဘာသာရေး အဆောက်အဦးများ လက်နက်ကြီး ထိမှန်သွားခြင်း ဖြစ်သည်။

နောက်ဆုံးရရှိထားသည့် သတင်းများအရ ကျုံဒိုး၊ ကျုံဘိုင်း၊ အင်းကြီး ဒေသ တိုက်ပွဲတွင် စစ်တပ်ဘက်က အရာရှိ အပါအဝင် တပ်သားများ ထိခိုက်သေဆုံးမှုများပြားနေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း တချို့ ထိခိုက်မှု ရှိသည်ဟု သိရသည်။

လက်ရှိ ကျုံဒိုး-ကော့ကရိတ်-မြဝတီ အာရှလမ်းကို စစ်တပ်က ပြန်စိုးမိုးထားသည်ဟု ပြောဆိုသော်လည်း အပြည့် အဝ မထိန်းချုပ်နိုင်သလို လမ်းပြန်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံ အသီးသီးထံမှ သိရသည်။

Photo credit - CJ

Most read this week

January 22, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...
January 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့်...
မလေးရှားနိုင်ငံ Local Media Summit 2025 သို့ IPCM ကိုယ်စား ဦးတိုးဇော်လတ် တက်ရောက်ခဲ့စဉ်
January 20, 2026
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင် ပဋိပက္ခကြားထဲတွင် သတင်းသမားများ လုံခြုံစွာ သတင်းရယူပိုင်ခွင့်...