ဖရူဆိုမှာ စစ်ကော်မရှင် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦးထိမှန်ပြီး တစ်ဦး ဒဏ်ရာပြင်းထန်

ဖရူဆိုမှာ စစ်ကော်မရှင် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်နှစ်ဦးထိမှန်ပြီး တစ်ဦး ဒဏ်ရာပြင်းထန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက လူထုရှိရာနေရာတွေကို ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန်မှာ စစ်ကော်မရှင်က လက်နက်ကြီးပစ်ခတ်ခဲ့ပြီး စစ်ဘေးရှောင်နှစ်ဦး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ကျေးရွာခံတွေနဲ့ စစ်ဘေးရှောင်တွေ ရေခပ်၊ ရေချိုးတဲ့ နေရာမှာ ကျရောက်ခဲ့တာပါ။

အဝတ်လျှော်၊ ရေချိုးဖို့ ပြင်နေတဲ့ အသက် ၂၀ အရွယ်ဝန်းကျင် အမျိုးသမီးတစ်ဦးရဲ့ လက်မောင်းမှာ ဒဏ်ရာရရှိခဲ့သလို အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ခြေသလုံးမှာ လက်နက်ကြီးစ ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သစ်ပင်ပေါ်တည့်တည့်ကျတော့ ပေါက်ကွဲတာ။ ရေလာချိုးတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး ထိသွားတာပေါ့။ ဆိုင်ကယ်ရေဆေးတဲ့ သူတွေကတော့ မထိဘူး။”လို့ သူက ပြောပါတယ်။

ဒဏ်ရာရသူနှစ်ဦးကတော့ လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့ ပြောပါတယ်။ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားမှုရှိနေသလို လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုရှိနေတာကြောင့် လူထုတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် တစ်နေရာမှာ စစ်ကော်မရှင်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အသက် ၅၀ အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...