သီပေါနှင့် ကျောက်မဲက ဒေသခံ ထောင်နှင့်ချီ လားရှိုးနှင့် မိုင်းရယ်မြို့ကို စစ်ဘေးရှောင်နေ

သီပေါနှင့် ကျောက်မဲက ဒေသခံ ထောင်နှင့်ချီ လားရှိုးနှင့် မိုင်းရယ်မြို့ကို စစ်ဘေးရှောင်နေ
Photo - CJ
Photo - CJ

တအာင်းတပ် TNLA နဲ့ စစ်တပ်တို့ကြားမှာ ဖြစ်ပွားလာနေတဲ့ တိုက်ပွဲတွေကြောင့် သီပေါ၊ ကျောက်မဲမြို့က ဒေသခံ ထောင်နဲ့ချီဟာ လားရှိုးမြို့နဲ့ မိုင်းရယ်မြို့တို့ကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

စစ်တပ်ဟာ ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ကို တအာင်းတပ်ထံမှ ပြန်လည်တိုက်ခိုက် သိမ်းပိုက် ပြီးတဲ့နောက် စစ်ပွဲတွေ ပိုပြင်းထန်လာနိုင်တာကြောင့် စစ်ဘေးတိမ်းရှောင်ကြရတာဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ တစ်ပတ်က နောင်ပိန်တိုက်ပွဲကြောင့် ကျောက်မဲမြို့ နောင်ပိန်တိုက်ထဲအတွင်းက ပန်တီး၊ နောင်ပစ်၊ ပန်မခေါ်၊ လုံကိန်၊ ပင်တိန်၊ နောင်ပိန်၊ လုပ်ပါ၊ လုပ်အင်၊ ခွန်ညု၊ နောင်ပိန်လမ်းခွဲ ကျေးရွာများမှ ဒေသခံ ၆၇၀၀ ဟာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ 

ဒါ့အပြင် တိုက်ပွဲတွေဟာ ပိုမိုဖြစ်ပွားလာနိုင်တာကြောင့် သီပေါ ၊ ကျောက်မဲက စစ်ဘေးရှောင်တွေဟာ လားရှိုးမြို့ပေါ်သို့ ရောက်ရှိနေပြီး နယ်မြေခံပရဟိတအဖွဲ့တွေနဲ့ ဘုန်းကြီးကျောင်းတွေက ကူညီထားတယ်လို့ သိရပါတယ်။ 

စာရင်းတွေအရ လားရှိူးမြို့ပေါ်က ဘုန်းကြီးကျောင်းနဲ့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမမှာ စစ်ဘေးရှောင် လေးရာကျော်ရောက်ရှိထားတာဖြစ်ပါတယ်။ 

ဒါ့အပြင် မိုင်းရယ်မြို့နယ်ထဲက ဘုန်းတော်ကြီးကျောင်းတွေမှာလည်း ဩဂုတ်လလည်ကစပြီးတော့ စစ်ဘေးတိမ်းရှောင်သူတွေစတင်ရောက်ရှိလာပြီး တဖြည်းဖြည်း လူဦးရေများလာကြောင်း စုံစမ်းသိရှိရပါတယ်။ 

စစ်တပ်က ကျောက်မဲ၊ သီပေါ မြို့တို့ကို ပြန်လည်သိမ်းပိုက်ယူမည့်အခြေအနေတွေရှိနေပြီး လက်ရှိမှာတော့ မြေပြင်တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မကြာခဏရှိနေတာလည်းဖြစ်ပါတယ်။

July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...
July 15, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ထီးချိုင့်မြို့ပေါ်  ရပ်ကွက်အချို့တွင်...