HPO/CDF-Hualngoram က ကာကွယ်ဆေးအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အခမဲ့ ဆောင်ရွက်ပေး

HPO/CDF-Hualngoram က ကာကွယ်ဆေးအပါအဝင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အခမဲ့ ဆောင်ရွက်ပေး
Photo - CJ
Photo - CJ

ချင်းပြည်နယ်၊ Hualngoram ဒေသတွင် HPO/CDF-Hualngoram ဒေသန္တရအစိုးရလက်အောက်ရှိ ပြည်သူ့ကျန်းမာရေးဌာနက အခမဲ့ကျန်းမာရေးဝန် ဆောင်မှု ပြန်လည်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

HPO အနေဖြင့် လုံခြုံရေးအခြေအနေကြောင့် ရပ်ဆိုင်းခဲ့ရသည့် ဒေသန္တရလုပ်ငန်းများအားလုံးကို ပြီးခဲ့သည့် တစ်လကျော် ခန့်ကစပြီး ရွာစဉ်လှည့်လည်ကာ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးကာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လျက်ရှိ နေပြီဟု CDF- Hualngoram တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိ ကျွန်တော်တို့ အုပ်ချုပ်ရေး run နေတဲ့ နေရာတွေ တော်တော်များများရောက်ဖြစ်တယ်။ လုံခြုံရေးအရ သွားလို့ရတဲ့ ရွာတွေ အကုန်ရောက်ဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ထဲမှာဆိုရင် ကျွန်တော်တို့ ရွာပေါင်း ၃၀ ကျော်မှာ သွားရောက်ပြီးတော့ အခမဲ့ ဆေးကုသမှု ပေးနေပါတယ်။ သွားရောက်ဖို့ ဝေးလံခက်ခဲတဲ့ ရွာတွေတော့ ရှိသေးတာပေါ့။ ဒါပေမဲ့ ဒီနှစ်ထဲမှာ အကုန် ရောက်ဖြစ်အောင် ကြိုးစားနေပါတယ်။” ဟု CDF- Hualngoram တာဝန်ရှိသူတစ်ဦးကပြောသည်။

Hualngoram ဒေသသည် ချင်းပြည်နယ် ဖလမ်း၊ တီးတိန် နှင့် တွန်းဇံ မြို့နယ် ၃ ခုတွင် ဟွာလ်းငိုးမျိုးနွယ်စုများ ဘိုးဘွားစဉ်ဆက်ကတည်းက နေထိုင်ကြသော ကျေးရွာ၊ ဒေသများကို သတ်မှတ်ထားခြင်းဖြစ်ပြီး ရွာပေါင်း ၅၈ ရွာရှိရာ ရွာသစ်များပါ ထည့်သွင်းပါက ရွာပေါင်း ၆၀ ဝန်းကျင်ရှိကြောင်း သိရသည်။

ယခုနှစ် ၂၀၂၅ ခုနှစ်ထဲတွင် ရွာပေါင်း ထက်ဝက် ကျော်သို့ ဆေးကုသမှုများ ပေးနိုင်ခဲ့ကြပြီဟုသိရသည်။

ပြီးခဲ့သည် ၂၀၂၃ ခုနှစ် အစောပိုင်းတွင် NGO များနှင့် ပူးပေါင်းကာ ကလေးနှင့် မိခင်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ဒေသဆေးရုံနှင့် ဆေးပေးခန်းများ၌ အချိန်မရွေး ထိုးနှံနိုင်သည်အထိ တိုးတက်လာခဲ့ သည်ဟုလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ ရောက်နိုင်တဲ့ ရွာတိုင်းကို ကလေးနဲ့ မိခင်ကာကွယ်ဆေးပေါ့နော် တာဝန်ယူထားတဲ့ ဆရာမတွေကနေပြီး တော့ ထိုးချိန်တန်ပြီ ဆိုရင်သတင်းပို့တယ်။ လုံခြုံရေးနဲ့ပူးပေါင်းပြီးမှ လိုက်ထိုးပေးတယ်။ ရွာမှာလှည့်လည်ပြီး ဆေးကုသ ပေးတာကတော့ အခမဲ့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ဒေသဆေးပေးခန်း၊ ဆေးရုံမှာကျတော့ ဆေးဖိုးဝါးခတော့ ကုန်ကျတာ ပေါ့နော်။” ဟု CDF-Hualngoram တာဝန်ရှိသူက ပြောသည်။

Hualngoram ဒေသတွင် ကျန်းမာရေးအပြင် ပညာရေးကဏ္ဍတွင်လည်း တိုးတက်မှုများရှိနေပြီး ဒေသန္တရအစိုးရ လက်အောက်တွင် ချိတ်ဆက်ထားသည့် ကျောင်းပေါင်း ၄၀ ဝန်းကျင် လည်ပတ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အထက်တန်းကျောင်း ၃ ကျောင်းအပါအဝင် အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းပေါင်း ၄၀ ဝန်းကျင်တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀၀ ကျော်က ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေးအတွက် အခမဲ့ ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်နိုင်ရန် မိဘပြည်သူများ အ‌နေဖြင့် ပါဝင်လှူဒါန်းပေးကြရန်လည်း CDF-Hualngoram က ဖိတ်ခေါ်နေပါသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...