တီးတိန်မြို့နယ်မှာ စစ်ကော်မရှင်လေတပ်မှ ဗုံး ၂ ကြိမ် ကြဲချခဲ့ပြီး ကလေးငယ် တစ်ဦး ဒဏ်ရာရရှိ

တီးတိန်မြို့နယ်မှာ စစ်ကော်မရှင်လေတပ်မှ ဗုံး ၂ ကြိမ် ကြဲချခဲ့ပြီး ကလေးငယ် တစ်ဦး ဒဏ်ရာရရှိ

အာဏာသိမ်းစစ်ကောင်မရှင်လေတပ်မှ ဂျက်ဖိုက်တာဖြင့် ဩဂုတ် ၂၅ ရက်နေ့ နေ့လည် ၁ နာရီခွဲခန့်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် မွာလ်ဘင်းရွာနှင့် ဇန်ဇောလ်ရွာတို့ကို လည်းကောင်း၊ ညနေ ၄ နာရီခွဲခန့်မှာ ဟေလေးရွာကို လည်းကောင်း အသီးသီး ဗုံးကြဲချခဲ့ရာ ဇန်ဇောလ်ရွာနေ ကလေးငယ် တစ်ဦး ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ တီးတိန်ဒေသခံများရဲ့ ပြောပြချက် အရ သိရပါတယ်။

“မွာလ်ဘင်းရွာနဲ့ ဇန်ဇောလ်ရွာက ရွာနီးချင်းပါ။ အဲဘက်မှာ ဗုံး ၇ လုံး ချတယ်လို့ သိခဲ့ရပါတယ်။ ၅ လုံး ကွဲသွားတယ်လို့ သိရတယ်။ အပျက်အစီး အသေးစိပ်ကိုတော့ ကျွန်တော်တို့လည်း အတည်မပြုနိုင်သေးဘူး။ မွာလ်ဘင်းရွာဘက်တော့ ထိခိုက်ပျက်စီးမှု သတင်းမကြားရသေးဘူး” လို့ မွာလ်ဘင်းရွာနဲ့ ဇန်ဇောလ်ရွာ အခြေအနေကို ဒေသခံတစ်ဦးက ပြောပြပါတယ်။

ညနေပိုင်းတွင် ဗုံးကြဲ တိုက်ခိုက်သည့် ဟေလေးရွာနဲ့ ပတ်သက်ပြီး တီးတိန်မြို့နေ ပြည်သူတစ်ဦးကတော့ “ဟေလေးရွာဘက်မှာတော့ လူနှစ်ဦး ဒဏ်ရာ ရရှိတယ်လို့ ကြားရတယ်။ မစိုးရိမ်ရဘူးလို့တော့ ကြားထားတယ်။ ကျွန်တော်တို့လည်း အတည်ပြုနိုင်ဖို့ ကြိုးစား နေဆဲပါ” လို့ မိမိတို့ ကြားသိခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့မှာ တီးတိန်မြို့နယ်အ ခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ PDF Zoland က မွာလ်ဘင်းကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကော်မရှင်ထံ သတင်း ပေးပို့သူ အဖြစ် စွပ်စွဲဖမ်းဆီးခဲ့ပြီး ၉ ရက်အကြာမှာ စစ်ကော်မရှင် လေတပ်မှ အခုလို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဒေသခံတချို့မှ သုံးသပ် ပြောဆိုထားပါတယ်။

Most read this week

February 13, 2026
ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေ...
February 12, 2026
အာဏာသိမ်း စစ်အုပ်စု ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်ပေါက်လာမယ့် ပြည်ထောင်စု...
February 11, 2026
ချင်းပြည်နယ်၊ ထန်တလန်၊မတူပီနဲ့ဟားခါးမြို့နယ်တွေက လောက်တူမျိုးနွယ်စုဒေသမှာ ငရုတ်သီးအခြောက်...
February 10, 2026
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊...