ထမံသီဒေသရှိ စာသင်ကျောင်းတချို့ ပညာရေးဝန်ထမ်းမရှိတာကြောင့် ကျောင်းများပိတ်ထားရ

ထမံသီဒေသရှိ စာသင်ကျောင်းတချို့ ပညာရေးဝန်ထမ်းမရှိတာကြောင့် ကျောင်းများပိတ်ထားရ
Photo - CJ
Photo - CJ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မြောက်ဘက်ခြမ်း ဒေသရှိ ထမံသီဒေသမှာ ပညာရေးဝန်ထမ်း ဆရာ/မများရွှေ့ပြောင်းမှုတွေများပြားနေပြီး နေရာလစ်လပ်မှုတွေ ရှိနေတာကြောင့် စာသင်ကျောင်းအချို့ သင်ကြားရေး ရပ်ဆိုင်းထားရတယ်လို့ ဒေသခံများထံမှ သိရှိရပါတယ်။

ထွက်ဝကျေးရွာအုပ်စုရှိ နမ့်သောင်ကျင်ကျေးရွာ၊နောင်ကန့်လန့်ကျေးရွာ နဲ့  ပင့်မာကျေးရွာအုပ်စု ဟွေနားကျေးရွာ (၃)ရွာတို့မှာ  ပညာရေးဝန်ထမ်းတွေ မလုံလောက်မှုတွေအပြင် ဝန်ထမ်းပြတ်လပ်မှုတွေပါရှိလာတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရမှုနဲ့ဆိုင်းငံ့ထားရမှုတွေ ရှိလာနေတာလည်းဖြစ်ပါတယ်။

“ဆရာမတွေက အလယ်တန်းရှိနေရဲ့သားနဲ့လယ်ပြတွေ တစ်ယောက်မှမရှိဘူး တစ်ချို့မူလတန်း KG ကနေပြီးမှ G-5အထိရှိတာကို ဆရာမ တစ်ယောက်ထဲရှိတယ် (၆)တန်းစလုံးကို သူတစ်ယောက်တည်း လိုက်ပြီး သင်ရတဲ့အခါကျတော့ သူလုံးဝမနိုင်တော့ဘူးဆိုတာကို ပြောတယ်ပေါ့နော် ရွာသားတွေကလည်း ငွေကြေး အခက်အခဲဖြစ်တဲ့အခါကျတော့ ဆရာဆရာမလည်းမငှားနိုင်ဘူး ဒီလိုအနေအထားတွေရှိတယ်ပေါ့” ဟု ထမံသီဒေသစိတ် ကျောင်းကော်မတီဝင်တစ်ဦးက အခုလို ပြောပြတာပါ။

ရွှေ့ပြောင်းခံရပြီးတဲ့ ပညာရေးဝန်ထမ်းတွေနေရာမှာ ပြန်လည်ခန့်ထားခြင်းတွေမရှိဘဲ နေရာလစ်လပ်တာတွေ များပြားလာပြီး စာသင်ကျောင်းတစ်ခုလုံးမှာ ပညာရေးဝန်ထမ်းတစ်ဦးတည်းသာ တာဝန်ယူ သင်ကြား ဆောင်ရွက်နေရတာတွေ ဖြစ်ပေါ်နေမှုတွေလည်း ကြုံတွေ့နေရကြောင်း သိရပါတယ်။

ဒီကျေးရွာ သုံးရွာစုစုပေါင်းမှာ ကျောင်းသူ/ကျောင်းသား ဦးရေ ရာချီရှိနေတာလည်း ဖြစ်ပါတယ်။ ယခုလို ပညာရေးဝန်ထမ်း ရှားပါးနေတဲ့အခြေအနေကို ကျေးရွာများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြေရှင်း သင်ကြားနေမှုတွေ တတ်နိုင်သမျှဆောင်ရွက်မှုတွေရှိသော်လည်း လုံလောက်မှုတွေမရှိနေဘူးဟု သိရပါတယ်။

ထမံသီဒေသအတွင်းမှာ ရှမ်းနီတိုင်းရင်းသားတို့ အများစု နေထိုင်ပြီး ချင်းနှင့် နာဂတိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသကာကွယ်ရေးတပ်များကိုတွေ့ရစဉ်/Credit
May 20, 2026
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်ထဲက စိုင်ပြင်မြို့ကို ရွှေဘိုခရိုင်စစ်ဌာနရဲ့ ...
May 19, 2026
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၄)ရှိ  လူနေအိမ်ပေါ်မှာ မေလေ(၁၇)ရက်နေ့...
May 16, 2026
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ပေါ်တွင်  ယာယီစစ်ဘေးတိမ်းရှောင်နေသော...
May 15, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းမှာ ရှမ်းနီဆရာဖြစ်သင်တန်းတွေနဲ့...