ကျောက်ဖြူတိုက်ပွဲမှ ဒဏ်ရာရ စစ်သား၅၀ ခန့်ကို စစ်တွေသို့ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

ကျောက်ဖြူတိုက်ပွဲမှ ဒဏ်ရာရ စစ်သား၅၀ ခန့်ကို စစ်တွေသို့ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

အာရက္ခတပ်တော်(AA) နှင့် အကြမ်းဖက်စစ်တပ်တို့အကြား အပြင်းအထန် ဖြစ်ပွားနေသည့် ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှ ဒဏ်ရာရ စစ်သား၅၀ ခန့်ကို စစ်တွေမြို့သို့ရေတပ်စစ်ရေယာဉ်ဖြင့် ယူဆောင်လာသည်ဟုမျက်မြင် စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ရေယာဉ်ဖြင့် ယူဆောင်လာသည့် ဒဏ်ရာရ စစ်သားများကို ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် စစ်တွေအာဏာပိုင်ဆိပ်ကမ်းမှ တင်ဆောင်ခဲ့ကြောင်း ၎င်းကပြောသည်။

“ဆိပ်ကမ်းက ကားနဲ့ ဆေးရုံတွေကို သယ်တာပါ။ ဒဏ်ရာရစစ်သားတွေကို စစ်ရေယာဉ်ပေါ်က ထမ်းစင်နဲ့ ချတာရှိတယ်။ တချို့က ချိုင်းထောက်တွေနဲ့ ဆင်းလာတာတွေ့တယ်။ ၄၅ ယောက်လောက်ရှိတယ်” ဟု ပြောသည်။ 

လက်ရှိမှာ ကျောက်ဖြူမြို့ပြင်ဘက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အနည်းဆုံး နေရာ ၃ ခုလောက်တွင် တိုက်ပွဲဖြစ်ပွားနေသည်ဟု ကျောက်ဖြူ ဒေသခံများက ပြောသည်။ 

“ဖြစ်နေတာက လိပ်ခမော်၊ သပြုတောင်၊ ဓည၀တီရေတပ်ဘက်၊ စည်မော်ဘက်ထိ ဖြစ်နေပါတယ်။ အခု မိုးက အရမ်းရွာနေ ဘာသတင်းမှ မရပါ။ မိုးများရင်တော့ စစ်တပ်ဘက် လေကြောင်းတိုက်ခိုက်မှု မလုပ်နိုင်ရင်တော့ တပ်တော်ဘက်က အခြေအနေကောင်းနိုင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၅ ရက်ကလည်း AB03 ရေယာဉ်ဖြင့် စစ်သားအင်အား ၄၇၀ ခန့် စစ်တွေကို အင်အားဖြည့်ခဲ့ပြီး အဆိုပါရေယာဉ်ပေါ်တွင် ဒဏ်ရာရ စစ်သား ၂၀ခန့်လည်းပါဝင်တယ်လို့ စစ်တွေမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ဒဏ်ရာရစစ်သားများကို စစ်တွေစစ်ဆေးရုံတွင်ဆေးကုသပေးနေပြီး အရာရှိတချို့ကို ရဟတ်ယာဉ်ဖြင့် ရန်ကုန်သို့ သယ်ဆောင်သွားသည်ဟု သိရသည်။ 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...