ကလေးနဲ့ ကလေးဝကြားက တံတားကျိုးကျလို့ ဒေသခံတွေ သွားလာရေးနဲ့ ကုန်စည်သယ်ယူရာမှာ အခက်တွေ့နေ

ကလေးနဲ့ ကလေးဝကြားက တံတားကျိုးကျလို့ ဒေသခံတွေ သွားလာရေးနဲ့ ကုန်စည်သယ်ယူရာမှာ အခက်တွေ့နေ

ရန်ကုန် - မန္တလေး တို့ကို ဆက်သွယ်သွားလာလို့ရသလို ကုန်ပစ္စည်းသယ်ယူရာမှာ အဓိကကြတဲ့ ကလေးမြို့နဲ့ ကလေးဝမြို့အကြား ကျောက်ကာရွာ အကျော်နားမှာရှိတဲ့ ခရေမြိုင်တံတား ကျိုးကျတာ ၂ ရက်ရှိသွားလို့ ဒေသခံတွေ သွားလာရေးနဲ့ ကုန်စည်သယ်ယူရာမှာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့နဲ့ ကလေးဝကြားက ကျောက်ကာရွာ အကျော်လေးမှာမှာရှိတဲ့ ခရေမြိုင်တံတားပေါ် ၁၂ ဘီး ကားတစ်စီး အတက်မှာ တံတားကျိုးကျသွားလို့ ကားပေါ်တင်လာတဲ့ ကုန်ပစ္စည်းတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ခရေမြိုင်တံတားကျိုးတာက ဟုတ်တယ် ကလေးဂရုအဖွဲ့ထဲမှာ တင်ထားတာတွေလည်း တွေ့ရတယ်။ အရက်ဖာတွေ တင်လာတဲ့ကားက လဲသွားတယ်လို့ ပြောတယ်။ တံတားပေါ်မှာဆိုတော့ အကုန်လုံးပိတ်နေတယ်လို့ ပြောတယ်။ ကွင်းလမ်းလည်း ကွင်းလို့မရနဲ့ ၂ ရက်လောက် ရှိသွားပြီ။ အခုတော့ အခြေနေဘယ်လိုရှိလဲ သေချာမသိရဘူး” လို့ ပြောပါတယ်။

ရန်ကုန် - မန္တလေး ကနေ မဟာမြိုင်လမ်းကို ဖြတ်ကျော်လာတဲ့ ကားတွေ နဲ့ မုံရွာကနေ ချင်းတွင်းမြစ်အတိုင်း မော်တော်ယာဉ်တွေနဲ့ ကလေးဝဆိပ်ကမ်းကို တင်ပို့လာတဲ့ ကုန်ပစ္စည်းတွေကို ကလေးမြို့တင်ပို့ရတာဖြစ်ပြီး အခုလိုတံတားကျိုးကျတာကြောင့် ကုန်ပစ္စည်းတွေ ကလေးမြို့ရောက်ဖို့ ခက်ခဲမှုတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...