ကလေးနဲ့ ကလေးဝကြားက တံတားကျိုးကျလို့ ဒေသခံတွေ သွားလာရေးနဲ့ ကုန်စည်သယ်ယူရာမှာ အခက်တွေ့နေ

ကလေးနဲ့ ကလေးဝကြားက တံတားကျိုးကျလို့ ဒေသခံတွေ သွားလာရေးနဲ့ ကုန်စည်သယ်ယူရာမှာ အခက်တွေ့နေ

ရန်ကုန် - မန္တလေး တို့ကို ဆက်သွယ်သွားလာလို့ရသလို ကုန်ပစ္စည်းသယ်ယူရာမှာ အဓိကကြတဲ့ ကလေးမြို့နဲ့ ကလေးဝမြို့အကြား ကျောက်ကာရွာ အကျော်နားမှာရှိတဲ့ ခရေမြိုင်တံတား ကျိုးကျတာ ၂ ရက်ရှိသွားလို့ ဒေသခံတွေ သွားလာရေးနဲ့ ကုန်စည်သယ်ယူရာမှာ အခက်တွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေးမြို့နဲ့ ကလေးဝကြားက ကျောက်ကာရွာ အကျော်လေးမှာမှာရှိတဲ့ ခရေမြိုင်တံတားပေါ် ၁၂ ဘီး ကားတစ်စီး အတက်မှာ တံတားကျိုးကျသွားလို့ ကားပေါ်တင်လာတဲ့ ကုန်ပစ္စည်းတချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက “ခရေမြိုင်တံတားကျိုးတာက ဟုတ်တယ် ကလေးဂရုအဖွဲ့ထဲမှာ တင်ထားတာတွေလည်း တွေ့ရတယ်။ အရက်ဖာတွေ တင်လာတဲ့ကားက လဲသွားတယ်လို့ ပြောတယ်။ တံတားပေါ်မှာဆိုတော့ အကုန်လုံးပိတ်နေတယ်လို့ ပြောတယ်။ ကွင်းလမ်းလည်း ကွင်းလို့မရနဲ့ ၂ ရက်လောက် ရှိသွားပြီ။ အခုတော့ အခြေနေဘယ်လိုရှိလဲ သေချာမသိရဘူး” လို့ ပြောပါတယ်။

ရန်ကုန် - မန္တလေး ကနေ မဟာမြိုင်လမ်းကို ဖြတ်ကျော်လာတဲ့ ကားတွေ နဲ့ မုံရွာကနေ ချင်းတွင်းမြစ်အတိုင်း မော်တော်ယာဉ်တွေနဲ့ ကလေးဝဆိပ်ကမ်းကို တင်ပို့လာတဲ့ ကုန်ပစ္စည်းတွေကို ကလေးမြို့တင်ပို့ရတာဖြစ်ပြီး အခုလိုတံတားကျိုးကျတာကြောင့် ကုန်ပစ္စည်းတွေ ကလေးမြို့ရောက်ဖို့ ခက်ခဲမှုတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...