ကျုံဒိုးစစ်ရှောင်များ နေရပ်ပြန်မလာပါက အိမ်သိမ်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကျုံဒိုးစစ်ရှောင်များ နေရပ်ပြန်မလာပါက အိမ်သိမ်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ ပေါ်အနီး တိုက်ပွဲများကြောင့် စစ်ရှောင်နေသူ မြို့ခံများ အနေဖြင့် နေရပ်ပြန်ရန်နှင့် ပြန်မလာပါက နေအိမ်သိမ်းဆည်းမည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက် ပြောဆိုနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင်းက ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ထိန်းချုပ်ခဲ့ပြီး စစ်ကောင်စီကအဆိုပါ လမ်းပိုင်းကို ဇူလိုင်နောက်ဆုံး အပတ် တွင် တိုက်ခိုက် ပြန်စိုးမိုးထားသည်။

စစ်ကောင်စီက ယခုလို ကျုံဒိုးမြို့ပေါ်နှင့် အနီးတဝိုက် ပြန်စိုးမိုးပြီးနောက် ရိုးမဟာ၊ ကျားကလေးရွာအနီးဝန်းကျင် တွင် သွားရောက်စစ်ရှောင်နေကြသည့် စစ်ရှောင်များကို နေရပ်ပြန်လာရန် စစ်ကောင်စီက ဖိအားပေးခေါ်ယူနေ သလို ပြန်မလာသူ ဒေသခံနေအိမ်များကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်‌ ပြောဆိုနေသည်ဟု ဒေသခံများက ပြောဆိုသည်။

“ဂျိုင်းတံတားအနောက်ဘက် ကရိုးမဟာရွာတွေမှာ စစ်ရှောင်တွေက ယာယီ တဲအိမ်တွေ သွားဆောက် နေတာ ရှိတယ်။ အကုန်ဖျက်ပြီး မြို့ထဲပြန်နေဖို့ ဖိအားပေးတယ်။ တကယ်လို့မပြန်ရင် နင်တို့ အိမ်တွေ၊ ပစ္စည်းတွေ အကုန် သိမ်းလိုက်မယ်။ အဲ့လိုပြောတာရှိတယ်“ဟု စစ်ရှောင်များကို ကူညီကယ်ဆယ်ပေးနေသူ တစ်ဦးကပြော သည်။

ယခုလို နေရပ်ပြန်နေရန် ဖိအားပေး ခေါ်ယူနေသော်လည်း ဒေသခံတချို့ မြို့တွင်း ပြန်မနေရဲသော်လည်း စစ်ကောင်စီ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ၎င်းတို့နှင့် နီးစပ်သူ ဒေသခံအများစု နေရပ်ပြန်နေကြပြီး ဖြစ်သည်ဟု ဒေသခံ များထံမှ သိရသည်။

စစ်ကောင်စီက ကျုံဒိုးမြို့ထဲသို့ ပြန်လာနေရန် ဒေသခံများကို ခေါ်ဆိုနေသော်လည်း ကော့ကရိတ်မြို့ပြင်တောင် ပိုင်း၊ မြောက်ပိုင်း ပတ်လည်ကျေးရွာများသို့ စစ်ကောင်စီက ယခုလက်ရှိ ရက်ပိုင်းအတွင်း လက်နက်ကြီး ပစ်ခတ် မှုများ ပိုမိုလုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ သိရသည်။

ဒေသခံတစ်ဦးက “အခုရက်ပိုင်းက ရေတွေကြီးလာတယ်။ ဒါကို ကော့ကရိတ် စစ်ကောင်စီတပ်တွေက လက်နက် ကြီးတွေလည်း လှမ်းထုတာများလာတယ်။ ကော့ကရိတ်မြောက်ပိုင်းမှာဆိုရင် သူတို့ လက်နက်ကြီးမပစ်တာ လပေါင်း ကြာပြီး၊ ဒီရက်ပိုင်းပြန်ထပ်ပစ်တယ်။ နေရော ညရောဘဲ။ စစ်ကောင်စီ ထိုးစစ်လုပ်မယ်လို့ ကြားတယ်၊ အဲဒါတော့ ကြားရသလောက်ဘဲ။ သေချာမသေချာတော့ မသိဘူး။ ဒါပေမယ့် အခုကလူထုတွေ ထပ်မံရှောင် ရတယ်” ဟု ပြောသည်။

ကော့ရိတ်မြောက်ပိုင်းရှိ မြပတိုင်အပြင် နန်းရွှေမိတ်၊ ရန်ကုတ်၊ ကောင်းမှုနှင့် အလယ်ဘိုတဲ စသည့်လမ်းဟောင်း နေရာများတွင် ပစ်ခတ်သည့်အပြင် ကျုံဒိုးမြို့ တောင်ဘက်ခြမ်းရှိ တောင်ကမ္မရိုက်၊ မြောက်ကမ္မရိုက်နှင့် ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများတွင် လက်နက်ကြီး ပစ်ခတ်မှုများလာကြောင်း ဒေသခံများက ပြော ဆိုသည်။

ယခုလို လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇူလိုင်လအတွင်းတွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ကော့ကရိတ် မြို့နယ်ထဲရှိ ဒေသခံ ပြည်သူ ၄ ဦး သေဆုံးရပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်ဟု ကော့ကရိတ် မြောက်ပိုင်း ဒေသရှိ စစ်ရှောင်များကို ကူညီကယ်ပေးသူထံမှသိရသည်။

ဗျူဟာကျ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်စိုးမိုးရန် စစ်ကောင်စီကို ကူညီတိုက်ခိုက်ပေးခဲ့သည့် ခွဲထွက် DKBA ဗိုလ်ဘိ အဖွဲ့ ကို စစ်ကောင်စီက ဂုဏ်ပြုပေးခဲ့သည်ဟု လူမှုကွန်ရက် စာမျက်နှာများ၌ ဖြန့်ချိမှုများ ပြု လုပ်နေကြောင်း သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...