မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် မိုးရွာထဲ ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

မိုးကုတ်မြို့ပေါ် စစ်ကောင်စီတပ် မိုးရွာထဲ ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့ပေါ်သို့ စစ်ကောင်စီတပ်က မိုးရွာနေစဉ် ၃ ကြိမ်ထက်မနည်း ဂျက်ဖိုက်တာဖြင့် ဆက်တိုက်ဗုံးကြဲခဲ့ခြင်းကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၂၉ ရက်) နံနက် ၉ နာရီခွဲကျော်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်သို့ မိုးရွာနေစဉ်အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်ထက်မနည်း ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မိုးရွာထဲကို ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ဗုံးကြဲနေတာ။ ရှေ့တစ်ခေါက်ကြဲတာ မင်းတံတားရပ်က ဖုန်းဆိုင်ပေါ်ကျတယ်။ နောက်ဆုံးကြဲသွားတာကအရှေ့ရွာဘုန်းကြီးကျောင်းနား ကျတယ်၊ ဓမ္မာရုံဒေါင့်က အိမ်ထိတယ်။ ရွှေဘုံသာ စခန်းသာဈေးနားလည်း တစ်လုံးကျတယ်။ မိုးရွာနေတော့ မထွက်ကြည့်ရသေးလို့ ထိခိုက်တာ မသိဘူး”ဟု မိုးကုတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ယနေ့နံနက် (၉) နာရီခွဲကျော်တွင် နှစ်ကြိမ်၊ (၁၀) နာရီခွဲတွင် တစ်ကြိမ် မိုးသည်းထန်နေစဉ် ဂျက်ဖိုက်တာဖြင့် သုံးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးပြီး အရပ်သားသေဆုံးဒဏ်ရာရရှိမှုကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

အလားတူ ဇူလိုင်လ ၂၆ ရက် ညနေပိုင်းကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ရွှေလိပ်ပြာဟိုတယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၂၅၀) ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား(၁) ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

TNLA နှင့် မန္တလေး-PDF ပူးပေါင်းတပ်တို့ ထိန်းချုပ်နိုင်ခဲ့သည့် နောင်ချိုမြို့နှင့် သပိတ်ကျင်းမြို့တို့ကို

စစ်ကောင်စီတပ်မှ ဇူလိုင်လအတွင်းပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် TNLA ထိန်းချုပ် မိုးကုတ်၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...