CDF –Matupi ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

CDF –Matupi ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်ထဲက ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (Chinland Defense Force – Matupi) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဂျက်ဖိုက်တာနဲ့ မနေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗုံးကြဲတာက မနေ့ည ၆ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲခံရတာဖြစ်တယ် ထိခိုက်ပျက်စီးမှုကတော့ ဘာမှမရှိပါဘူး အိမ်တွေနည်းနည်း ပျက်စီးတာကလွဲရင် တခြား ဒဏ်ရာရတာတွေတော့ ဘာမှမရှိဘူး။ အသံကြားတာနဲ့ အချိန်မီ ရှောင်နိုင်လို့ ဖြစ်တယ်။ ဆိုတော့ ထိခိုက်ဒဏ်ရာရတာတော့ ဘယ်သူမှမရှိဘူး” လို့ပြောပါတယ်။

CDF – Matupi ဟာ ချင်းပြည်ကာကွယ်ရေးတပ် - မတူပီ တပ်မဟာ (၂) ဆိုတဲ့နာမည်ကနေ မေလ ၃၁ ရက်နေ့က မှနာမည်ပြောင်းလဲထားတဲ့ မတူပီဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး Chinland Council အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့လည်းဖြစ်ပါတယ်။

စစ်ကောင်စီကင်းစင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်လေ့ရှိနေပါတယ်။

June 17, 2026
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ပြစ်ဒဏ်ကျခံပြီးသား...
June 16, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မှာ  ဇွန်လ ၁၅ ရက်နေ့မနက်ပိုင်းတွင် အမှတ် (၇) ကျောင်းကို...
June 15, 2026
ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ရွာမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ...
June 13, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့...