CDF –Matupi ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

CDF –Matupi ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်ထဲက ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (Chinland Defense Force – Matupi) ဌာနချုပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်း ဂျက်ဖိုက်တာနဲ့ မနေ့ ဇူလိုင်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗုံးကြဲတာက မနေ့ည ၆ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲခံရတာဖြစ်တယ် ထိခိုက်ပျက်စီးမှုကတော့ ဘာမှမရှိပါဘူး အိမ်တွေနည်းနည်း ပျက်စီးတာကလွဲရင် တခြား ဒဏ်ရာရတာတွေတော့ ဘာမှမရှိဘူး။ အသံကြားတာနဲ့ အချိန်မီ ရှောင်နိုင်လို့ ဖြစ်တယ်။ ဆိုတော့ ထိခိုက်ဒဏ်ရာရတာတော့ ဘယ်သူမှမရှိဘူး” လို့ပြောပါတယ်။

CDF – Matupi ဟာ ချင်းပြည်ကာကွယ်ရေးတပ် - မတူပီ တပ်မဟာ (၂) ဆိုတဲ့နာမည်ကနေ မေလ ၃၁ ရက်နေ့က မှနာမည်ပြောင်းလဲထားတဲ့ မတူပီဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး Chinland Council အဖွဲ့ဝင် လက်နက်ကိုင် တပ်ဖွဲ့လည်းဖြစ်ပါတယ်။

စစ်ကောင်စီကင်းစင်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်လေ့ရှိနေပါတယ်။

January 17, 2026
DonBosco — Pu Tui Dim သည် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကို အိန္ဒိယ-မြန်မာနယ်စပ်၌...
January 16, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကော်မရှင် လက်ချက်ကြောင့် ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာအတွင်း အမျိုးသမီး (...
January 15, 2026
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ အမှုဆောင်ညွှန်ကြားရေးမှူး Salai Za Uk ဦးဆောင်တဲ့...
January 14, 2026
မြန်မာစစ်ကော်မရှင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေထဲမှာ ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ၂၀၂၂...