ရခိုင်-ပဲခူးအစပ် ဧရိယာတစ်ဝိုက် စစ်ကောင်စီနှင့် AA မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေ

ရခိုင်-ပဲခူးအစပ် ဧရိယာတစ်ဝိုက် စစ်ကောင်စီနှင့် AA မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်နေ

ရခိုင်-ပဲခူးအစပ် ဧရိယာတစ်ဝိုက်တွင် စစ်ကောင်စီ၏ စစ်ကြောင်းနှင့် အာရက္ခတပ်တော်(AA)ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိနေကြောင်း သတင်းရရှိသည်။

ဥသျှစ်ပင်၊ ညောင်ခြေထောက်ကျေးရွာအနီးတစ်ဝိုက်နှင့် ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၆)တွင်ရှိသည့် စစ်ကောင်စီ၏ စစ်ကြောင်းများသည် ရခိုင်-ပဲခူးအစပ်ရိုးပေါ်ရှိ AA သိမ်းထားသည့် ညောင်ကျိုးစခန်းဖက်သို့ စစ်ကြောင်းမကြာခဏထိုးသဖြင့် အပြန်အလှန်ပစ်ခတ်မှု မကြာခဏရှိနေသည်ဟု ဥသျှစ်ပင်ဒေသခံ အမျိုးသား တစ်ဦးက နိရဉ္စရာကို ပြောသည်။

"AA နဲ့ပူးပေါင်းတပ်ဖက်က ထိုးစစ်ရပ်ထားတာ လနဲ့ချီပြီ။ စစ်ကောင်စီဖက်ကတော့ ထိုးစစ်တက်တာတွေရှိတယ်။ သူတို့တက်လာရင် ဒီကပြန်တိုက်တယ်။ အပြင်းအထန်ဖြစ်တာမျိုးတော့မရှိဘူး အခုနောက်ပိုင်း။ တစ်ပတ်မှာ နှစ်ကြိမ်လောက်တိုက်ပွဲဖြစ်တာမျိုးရှိတယ်" ဟု ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိုးစစ်ရပ်နားသည့်အချိန်တွင် စစ်ကောင်စီသည် ဥသျှစ်ပင်မြို့နယ်မှ ကပစ(၆)နှင့် ညောင်ခြေထောက်ဖက်သို့ အင်အားအများအပြား ဖြည့်တင်းထားပြီး ဒရုန်း၊ လက်နက်ကြီးကျည်များဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိနိုင်သည့်နေရာကို မှန်းဆကာ ပစ်ခတ်မှုများပြုလုပ်မှုရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူတို့ဖက်က ဒရုန်းတွေနဲ့ ပစ်တယ်။ လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်ခတ်တာမျိုးရှိတယ်။ အင်အားကတော့ မကွေးဖက်မှာလို ကပစတွေရော၊ တပ်စခန်းဟူသမျှ ထပ်ဖြည့်ထားတယ်" ဟု ပြောသည်။

ကပစ(၆)သည် ညောင်ခြေထောက်ကျေးရွာ၏ အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိပြီး ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းနှင့် အမှတ် (၁၀၆)ဒုံးတပ်လည်းရှိကြောင်း သိရသည်။

ပဲခူးတိုင်းရှိ ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။

စစ်‌ကောင်စီသည် စစ်ရေးအရ ခြိမ်းခြောက်ခံလာရသည့် ကပစစက်ရုံများအပါအဝင် ပြည်မြို့နှင့် ဥသျှစ်ပင်မြို့တို့အား AA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ အလွယ်တကူ ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်ပြီး ရိုးပေါ်မှ ညောင်ကျိုးစခန်းအားပြန်လည်သိမ်းပိုက်ရန် ယခုကဲ့သို့ စစ်ကြောင်းထိုးကာ လက်နက်များဖြင့် ပစ်ခတ်မှု ပြုလုပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေ (၅)ရက်နေ့ကလည်း ရခိုင်ရိုးမပေါ်ရှိ AA သိမ်းပိုက်ထားသည့်ညောင်ကျိုးစခန်းကို စစ်ကောင်စီက အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများဖြင့် နောက်ဆုတ်ခဲ့ရကြောင်း မြေပြင်သတင်းအရ သိရသည်။

August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...
ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...