လောင်းလုံးတကြော စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒေသခံခံများကို ဖမ်းဆီးခြိမ်းခြောက်

လောင်းလုံးတကြော စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒေသခံခံများကို ဖမ်းဆီးခြိမ်းခြောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ အောက်ဘက်တကြောရှိ ကျေးရွာများအတိုင်း ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့မှစ၍ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကညုံကျွန်းရွာအတွင်း တပ်စွဲကာ ရွာခံများကို ဖမ်းဆီးခြိမ်းခြောက်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့်လပိုင်းများက လောင်းလုံးမြို့အနီး လတ်ခတ်တောင်စခန်းတိုက်ပွဲအတွင်း ထားဝယ်ဘက်မှ စစ်ကူတက်လာသော အင်အား ၈၀ ဝန်းကျင်ရှိစစ်ကောင်စီတပ်ဖွဲ့များက လောင်းလုံးမြို့နယ်၊ စပ်ပြဲရွာမှတဆင့် ကညုံကျွန်းရွာသို့ ရောက်ရှိလာပြီး ရွာအတွင်း လူနေအိမ်နှင့် ဘုန်းကြီးကျောင်းများတွင် ယနေ့ထိ တပ်စွဲထားခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့နောက် ကညုံကျွန်းရွာမှ ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသော သက်ကြီးရွယ်အိုများအပါအဝင် မိသားစုလိုက်ရှိနေသည့် ဒေသခံ ၄၀ ထက်မနည်းကို ဖမ်းဆီးထားသည်ဟု စစ်ကောင်စီ အဝင်/အထွက်အခြေအနေကို သိရှိသူ လောင်းလုံးဒေသခံက ပြောသည်။

“စကစ ကရွာထဲက အိမ်တွေ ဘုန်းကြီးကျောင်းတွေမှာရှိနေတာ၊ ရွာထဲမှာရှိတဲ့သူတွေကို ဖမ်းခေါ်ထားတယ်။ အပြင်ထွက်လို့မရတဲ့ သက်ကြီးပိုင်းတွေပဲ ပိုများတယ်ဆိုပေမယ့် လူဦးရေက ၄၀၊ ၅၀ လောက်ရှိနေသေးတယ်။ တချို့ကိုဆိုရင် အိမ်ထဲကနေ အိမ်ပြင်မထွက်နဲ့ဆိုပြီး ပြောထားတယ်” ဟု ထိုဒေသခံက ပြောသည်။

စပ်ပြဲရွာမှာ စတင်တပ်စွဲခဲ့သည့် အဆိုပါတပ်စစ်ကြောင်းက ကညုံကျွန်းရွာကို ညတွင်းချင်း ရောက်ရှိလာသောကြောင့် ကြိုတင်ရှောင်ရှားထားသည့် ရွာခံအချို့မှလွဲပြီး အများစုမှာ ပြေးရန်အချိန်မရလိုက်ကြောင်းလည်း ကျန်ခဲ့သည့် ရွာခံများနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းဝင်ခဲ့သည့် လောင်းလုံးအောက်ဘက်တစ်ကြောရှိ ရွာများမှာလည်း စစ်ကြောင်း ပြန်မထွက်သေးသည့်အတွက် နေအိမ်မပြန်ရဲဘဲ နီးစပ်ရာတွင် ပုန်းရှောင်နေကြရသည်ဟု ဆိုသည်။

ထို့အပြင် ကညုံကျွန်းရွာမှာတပ်စွဲထားသည့် စစ်ကောင်စီက ရေကြောင်းမှနေ၍ ရွာသို့ တပ်အင်အားပို့ဆောင်ပြီး တိုးချဲ့ဖြည့်တင်းနေကြောင်း လောင်းလုံးအခြေစိုက် တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ကလည်း လောင်းလုံးမြို့နှင့်စမ်းလှမ်းကျေးရွာကြား လမ်းမပိုင်းတွင် သွားလာနေသူများနှင့် ဥယျာဥ်ခြံအတွင်းရှိ ဒေသခံများ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရင်း ဖမ်းဆီးခံခဲ့ရပြီး လတ်ခတ်တောင်စခန်းအထိ ခေါ်ယူထိန်းသိမ်းခြင်းခံခဲ့ရသေးကြောင်း တနင်္သာရီအခြေစိုက် သတင်းမီဒီယာအချို့က ဖော်ပြသည်။

July 10, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒူးသထူ(သထုံ)ခရိုင်) အတွင်း...
July 10, 2026
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အကောင်အထည်ဖော်နေသည့် ရက် ၁၀၀...
July 9, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့် စစ်အုပ်စု...
July 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က လေးကေကော်မှတစ်ဆင့် ဖလူး-...