ဖလူး-မင်းလက်ပံ လမ်းပိုင်းကို စစ်တပ် သုံးရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်စစ်ဆင်

ဖလူး-မင်းလက်ပံ လမ်းပိုင်းကို စစ်တပ် သုံးရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်စစ်ဆင်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့ တောင်ဘက်ရှိ ဖလူး-မင်းလက်ပံ-ဝေါလေ လမ်းပိုင်းသို့ ဩဂုတ်လ ၂၂ ရက်နေ့မှစ၍ ယနေ့အချိန်အထိ စစ်အုပ်စုတပ်က လက်နက်ကြီးအများအပြား ပစ်ခတ်ကာ တိုက်စစ်ဆင်နေ ကြောင်း မြဝတီနယ်စပ်အခြေစိုက် ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ်တပ်များ ထိန်းချုပ်လှုပ်ရှားရာ မြေပြင် တဝိုက်သို့ စစ်အုပ်စုတပ်က ရှေ့သို့ တိုးတိုက်ခိုက်၍ မရသဖြင့် ၎င်းတို့ တပ်စွဲထားသည့် နေရာများမှ လက်နက် ကြီးများဖြင့် ရက်ဆက် ပစ်ခတ်နေခြင်းဖြစ်သည်။

မဟာမိတ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဦးက “စစ်တပ်က မြေပြင်သိပ်မတိုးလာရဲဘူး။ လက်ခတ်တောင်၊ KK Park နဲ့ လေးကေကော်စွယ် တော်ကုန်းဘက်ကနေ လက်နက်ကြီးနဲ့ ဘလယ်ဒို၊ သဲဖြူချောင်း၊ သုံးထပ်ကွေ့ အပေါ် တောင်ပေါ်ကိုလှည့်ပစ်နေတယ်။ တစ်ချက်တစ်ချက် ခလရ (ခြေလျင်တပ်ရင်း) ၂၇၅ ကလည်း မစ်ဇိုင်း ဒုံးနဲ့ ပစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်အုပ်စုတပ်ဘက်မှ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်မှုဖြင့် ဗျူဟာပြောင်း တိုက်စစ်ဆင်နေသော်လည်း KNLA မဟာမိတ်တပ်ဖွဲ့များမှာ မြေပြင်မှ တက်လာနိုင်သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို ဖြတ်တောက်တိုက်ခိုက်နိုင်ရေး နေ့ညမပြတ် စစ်ရေးလှုပ်ရှားမှုများ စီစဉ်ဆောင်ရွက်နေကြသည်။

ထို့ပြင် လတ်တလောတွင် ဖားအံမြို့မှ စစ်အုပ်စုတပ်သည် မြဝတီမြို့အခြေစိုက် ခလရ-၂၇၅ သို့ စစ်ကူအင်အား နှင့် လက်နက်ခဲယမ်းများကို အပတ်စဉ် ပို့ဆောင်ပေးနေကြောင်းလည်း ကရင်ပြည် စစ်ရေးအခြေအနေ စောင့်ကြည့်အကဲခတ်သည့် သတင်းရင်းမြစ်များက ပြောသည်။

ထို့ကြောင့် တပ်ကူအင်အား လိုအပ်ချက်အရ မြဝတီမြို့ပေါ် ရပ်ကွက်များတွင် လူငယ်၊ လူလတ်ပိုင်းများကို စစ်အုပ်စုတပ်က ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပြုလုပ်နေပြီး ဖားအံမြို့ တပ်မ (၂၂) သို့ ပို့ဆောင်၍ စစ်သင်တန်း ပေးနေကြောင်း မြဝတီမြို့တွင်းရှိ စစ်အုပ်စုနှင့် နီးစပ်သူအချို့က ပြောဆိုသည်။

၎င်းတို့၏ နယ်စပ်စစ်စခန်းများ လက်မလွှတ်ရရေး၊ ဆုံးရှုံးပြီးသည့် စခန်းများ ပြန်လည်ရယူရေးနှင့် နယ်မြေ ထိန်းချုပ်ရေးတို့အတွက် ပြီးခဲ့သည့်နှစ် အကုန်ပိုင်းကတည်းက စစ်အုပ်စုတပ်သည် မြဝတီတောင်ပိုင်းတွင် အင်အားသုံး ထိုးစစ်ဆင်နေသဖြင့် KNLA မဟာမိတ်တပ်များနှင့် အပြန်အလှန် တိုက်ပွဲများ ပြင်းထန်လျက် ရှိသည်။

Most read this week

September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...
ဓာတ်ပုံ - KIC
September 14, 2026
ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...