ညောင်ရွှေမြို့ရှိ စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီး

ညောင်ရွှေမြို့ရှိ စပါးခင်းများ တောင်ကျရေကြောင့် ပျက်စီး
ညောင်ရွှေမြို့နယ်ရှိန စပါးခင်းများ ရေမြှုပ်နေသည့်အခြေအနေ။
ညောင်ရွှေမြို့နယ်ရှိန စပါးခင်းများ ရေမြှုပ်နေသည့်အခြေအနေ။

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် မိုးသည်းထန်ကာ တောင်ကျရေများကြောင့် စပါးခင်း ဧကများစွာ ရေမြှုပ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။

ညောင်ရွှေမြို့နယ်တွင် ပြီးခဲ့သည့် (ဇွန်လ ၁၁ ရက်မှ ၁၃ ရက်) အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေကြောင့် စပါးခင်းနှင့် မြေအနိမ့်ပိုင်းရှိ ရပ်ကွက်အချို့ ရေနစ်မြှုပ်ခဲ့ကြောင်း ညောင်ရွှေဒေသခံများက ပြောသည်။

ထိုသို့ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်ကျရေကြောင့် ညောင်ရွှေမြို့၏ မြောက်ဘက်နှင့် အနောက်ဘက်ရှိ လယ်စပါး ဧကများစွာ ရေနစ်မြှုပ်ပြီး ပျက်စီးခဲ့ကြောင်း ညောင်ရွှေမြို့‌ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးကြီးပြီး တောင်ကျရေတွေကြောင့် စပါးခင်းတွေ အကုန်လုံးနီးပါး ပျက်စီးသွားတယ်။ ဆုံးရှုံးမှု အတိအကျတော့ မသိရသေးဘူး၊ ရေတွေမြှုပ်ကုန်တာက လယ်ဧက ထောင်နဲ့ ချီတယ်။ ရေတွေက လွှမ်းနေတုန်းပဲ လယ်စပါးတွေကို မြို့ရဲ့ မြောက်ဘက် နဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ လယ်တွေ” ဟု ညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ ဇွန်လ ၁၆ ရက်တွင် ညောင်ရွှေမြို့ မြေနိမ့်ပိုင်းရှိ ကံသာရပ်ကွက်နှင့် သာစည်ရပ်ကွက်တွင် ရေများဆက်လက်ကျန်ရှိပြီး ဒေသခံအချို့ မြစေတီဘုရားကျောင်းတွင် ဆက်လက်နေထိုင်နေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ရေဘေး၊ ၂၀၂၅ ခုနှစ် မတ်လတွင် ငလျင်ဘေးကြုံခဲ့ရပြီး ယခု ဇွန်လတွင်လည်း ရေဘေးများကြောင့် စိုက်ပျိုးသီးနှံများနှင့် စီးပွားရေးများ အကြိမ်ကြိမ်ပျက်စီးပြီးရပြီး အချို့သည် ပြန်လည်းထူထောင်ရန် ခက်ခဲနေသည့် အခြေအနေနှင့် ကြုံတွေ့နေကြရသည်။

ယခုလက်ရှိ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ လွယ်ပေါင်းရွာ၊ လဟယ်ရွာနှင့် မိုးဗြဲဘက်ခြမ်းတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး အဆိုပါ ကျေးရွာအနီးနားရှိ ဒေသခံများမှာ တောတောင်ထဲ၌ စစ်ဘေးတိမ်းရှောင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။

“ခြံရှိတဲ့ သူက ခြံထဲမှာ စစ်ရှောင်ကြတယ်။ မရှိတဲ့ သူက တောတောင်ထဲ ရှောင်ကြတာ။ မိုးတွင်းကာလဆိုတော့ မိုးကာတွေ စုတ်ပြဲနေပြီး နေစရာ အခက်ခဲရှိတယ်။မိုးရွာတော့ ရေတွေလည်း မသန့်ဘူး။ စားသောက်ဖို့တွေ အခက်ခဲဖြစ်တယ်။ မိုးကာတို့ စားစရာတို့လိုတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့တွင်လည်း စစ်ကောင်စီက မိုးဗြဲအနောက်ဘက်ခြမ်းကို လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးခဲ့ရကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) မှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ (၁၅) ရက်တွင်လည်း ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး (၂) လုံး ကြဲချခဲ့ခြင်းကြောင့် အဆောက်ဦးတစ်ချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

Most read this week

ဓါတ်ပုံ - ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပနေသည့် (၅) ကြိမ်မြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ အခမ်းအနားပုံ
August 15, 2026
“အကျပ်အတည်းနှင့် ဖြစ်နိုင်ခြေကြားမှ မြန်မာ့ အသွင်ကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ဖြင့်...
August 14, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့်...
သိန္နီရှိ ရေအားလျှပ်စစ် စီမံကိန်းအား MNDAA တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးစဉ်
August 13, 2026
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) သည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ...
ဓာတ်ပုံ - Crd
August 13, 2026
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတစ်လျှောက်ရှိ စစ်တပ် စစ်ဆေးရေး...