မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရ

မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ စက်တပ်လေထီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ We Love Myaing က ဇွန် ၁၅ ရက်မှာ ဖော်ပြထားပါတယ်။

ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြိုင်မြို့နယ် အနောက်ဘက်မှာရှိတဲ့ သန်းနုတောကျေးရွာ စာသင်ကျောင်းအနီးကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲခဲ့တာပါ။

"တိုက်ပွဲ ဖြစ်ပွားတာမျိုးလည်း မရှိဘူး။ သူတို့က မြိုင်ဘက်ကိုဆက်တိုက် ဒါမျိုး လေကြောင်းကနေ ဗုံးကြဲနေတာ။ သူတို့စစ်ကြောင်းတွေနဲ့လည်းဝေးတယ်။" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စက်တပ်လေထီး ၂ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခိုင်းနွား ၂ ကောင် သေဆုံးပြီး နေအိမ် ၂ လုံးနဲ့ စပါးကျီ ၁ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ We Love Myaing က ဖော်ပြထားပါတယ်။

သန်းနုတောရွာကို စက်တပ်လေထီးနဲ့ ပစ်ခတ်ပြီးနောက် ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ မြိုင်မြို့နယ် သာစည်ရွာ အနောက်ဘက်က ညောင်ခါးရှည်တောတိုက်ဘက်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်သွားတယ်လို့ သိရပါတယ်။

August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...