မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရ

မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းကနေ စက်တပ်လေထီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ We Love Myaing က ဇွန် ၁၅ ရက်မှာ ဖော်ပြထားပါတယ်။

ဇွန် ၁၅ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ မြိုင်မြို့နယ် အနောက်ဘက်မှာရှိတဲ့ သန်းနုတောကျေးရွာ စာသင်ကျောင်းအနီးကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲခဲ့တာပါ။

"တိုက်ပွဲ ဖြစ်ပွားတာမျိုးလည်း မရှိဘူး။ သူတို့က မြိုင်ဘက်ကိုဆက်တိုက် ဒါမျိုး လေကြောင်းကနေ ဗုံးကြဲနေတာ။ သူတို့စစ်ကြောင်းတွေနဲ့လည်းဝေးတယ်။" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စက်တပ်လေထီး ၂ စီးက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ခိုင်းနွား ၂ ကောင် သေဆုံးပြီး နေအိမ် ၂ လုံးနဲ့ စပါးကျီ ၁ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ We Love Myaing က ဖော်ပြထားပါတယ်။

သန်းနုတောရွာကို စက်တပ်လေထီးနဲ့ ပစ်ခတ်ပြီးနောက် ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ မြိုင်မြို့နယ် သာစည်ရွာ အနောက်ဘက်က ညောင်ခါးရှည်တောတိုက်ဘက်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်သွားတယ်လို့ သိရပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...