ပင်လုံမြို့လယ် ရေကန်ထဲတွင် ငါးများ အဆိပ်သင့်ကာ အစုလိုက်အပြုံလိုက် သေဆုံးနေ

ပင်လုံမြို့လယ် ရေကန်ထဲတွင် ငါးများ အဆိပ်သင့်ကာ အစုလိုက်အပြုံလိုက် သေဆုံးနေ

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ မြို့လယ်ရေကန်ထဲတွင် ငါးများ အဆိပ်သင့်ကာ အစုလိုက်အပြုံလိုက် သေဆုံးနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းတွင် ပင်လုံမြို့ရှိ မြို့လယ် ရေကန်ထဲတွင် ငါးများ အစုလိုက်အပြုံလိုက် အဆိပ်မိပြီး သေဆုံးနေကြောင်း စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ငါးတွေ သေတာများတယ်၊ အကောင် ၁ထောင်ကျော်မယ်။ ခရိုင်က ငါးလုပ်ငန်းဦးစီးဌာနကို အကူအညီခေါ်ပြီး စစ်ဆေးကြည့်တော့ အဆိပ်မိတယ်လို့ သိရတယ်။ ရေမကောင်းလို့ ဒီတိုင်းသေရင် ပုပ်နံ့မထွက်သင့်သေးဘူး။ အခုက သေပြီးခဏမှာပဲ အနံ့ဆိုးတွေ ထွက်တယ်” ဟု စည်ပင်သာယာရေးဌာနမှ ၎င်းတာဝန်ရှိသူက ပြောသည်။

ထိုသေဆုံးသွားသည့် ငါးများကို မြို့၏ အခြားနေရာတွင် မြေမြှုပ်လိုက်ပြီး အခြားသော တိရစ္ဆာန်များအတွက် အန္တရာယ်မဖြစ်အောင် ပြုလုပ်ခဲ့ပြီး မြို့လယ်ရေကန်ထဲမှ ရေများကို လဲလှယ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် မေလ ပထမပတ်တွင်လည်း မိုးဗြဲမြို့ရှိ ဆည်၊ မြောင်းထဲတွင် အကြောင်းရင်း မသိရဘဲ ငါးများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

June 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် အမှတ် (၁၀၀၉)တပ်ရင်း မှာ...
June 23, 2026
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက...
June 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ...
June 20, 2026
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို...