ဗုံးဒဏ်ခံ မြေအောက်ဆေးရုံဆေးခန်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း

ဗုံးဒဏ်ခံ မြေအောက်ဆေးရုံဆေးခန်းများ တည်ဆောက်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ဆေးရုံဆေးခန်းများကိုပစ်မှတ်ထားပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် ဗုံးဒဏ်ခံနိုင်သည့် မြေအောက်ဆေးရုံဆေးခန်း များတည်ဆောက်နိုင်ရေး ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများနှင့် နိုင်ငံတကာအလှုရှင်များအနေဖြင့် ကူညီကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက် တာဇော်ဝေစိုးက တိုက်တွန်းပြောကြားသည်။

“ဒီရက်ပိုင်း၊ ဒီလပိုင်းတွေမှာ ကျနော်တို့ရဲ့ မြေပြင်မှာရှိနေတဲ့ ရှေ့တန်းဆေးရုံဆေးခန်းတွေရော နောက် တန်းဆေးရုံဆေးခန်းတွေရော ဗုံးကြဲတိုက်ခိုက်ခံနေရတယ်။ ဧပြီနဲ့မေ နှစ်လအတွင်းမှာ တိုက်ခိုက်မှုတွေ ပိုပြီးတော့များလာပြီး ဆေးရုံဆေးခန်းတွေလုံခြုံမှုမရှိတော့တဲ့အတွက် ဗုံးဒဏ်ခံနိုင်တဲ့ မြေအောက် ဆေးရုံ ဆေးခန်းတွေ၊ ပေါင် ၅၀၀ ၊ ၁၀၀၀ ဗုံးတွေကြဲတဲ့ဒဏ်ကိုခံနိုင်တဲ့ မြေအောက် ဆေးရုံ ဆေးခန်းတွေ ဆောက်ဖို့ လိုလာပါတယ်” ဟု ၎င်းကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်သည့် Safe Hospital, Safe Healthcare Fundraising Campaign အတွက် ဒေါက်တာဇော်ဝေစိုးက အထက်ပါအတိုင်း တိုက်တွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ယခင်ကာလများက တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လုံခြုံသည့် တောထဲတောင်ထဲတွင် ရှေ့တန်း ဆေးရုံဆေးခန်းများ၊ နောက်တန်းအခြေချ ဆေးရုံဆေးခန်းများတည်ဆောက်၍ ဆေးကုသမှုပေးခဲ့သော် လည်း နောက်ပိုင်းကာလများတွင် စစ်ကောင်စီတပ်သည် ဆေးရုံဆေးခန်းများကို ပစ်မှတ်ထားတိုက်ခိုက် မှုများ ပိုမိုပြုလုပ်လာသည့်အတွက် ဗုံးဒဏ်ခံ မြေအောက်ဆေးရုံဆေးခန်းများ ပိုမိုလိုအပ်လာခြင်းဖြစ် ကြောင်း ဝန်ကြီးဒေါက်တာဇော်ဝေစိုးက အသိပေးသည်။

ယင်းအပြင် မြန်မာနိုင်ငံကဲ့သို့ ကမ္ဘာ့အန္တရာယ်အများဆုံးနိုင်ငံတခုတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်များနှင့်သူနာပြုများ စိတ်ချလုံခြုံစွာ ဆေးကုသမှုပေးနိုင်ရေးနှင့် ကောင်းမွန်စွာ အနားယူနိုင်ရေးအတွက်လည်း ဗုံးဒဏ်ခံ မြေအောက်ဆေးရုံဆေးခန်းများ တည်ဆောက်ရမည်ဖြစ်ကြောင်းလည်း ဝန်ကြီးကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနကပြုလုပ်သည့် Safe Hospital, Safe Healthcare Fundraising Campaign တွင် အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ ရရှိရန် ရည်မှန်းထားပြီး ကမ်းပိန်းကာလကို မေလ ၂၄ ရက်မှ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားကြောင်း အသိပေးထားသည်။

၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...
March 4, 2026
မောင်ခက်နွေ - အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်အတွင်း...