လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြောင်းရွေ့ဖို့ ပြင်ဆင်နေကြတဲ့ စစ်ရှောင်များ အကူအညီများလိုအပ်နေ

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပြောင်းရွေ့ဖို့ ပြင်ဆင်နေကြတဲ့ စစ်ရှောင်များ အကူအညီများလိုအပ်နေ

ကရင်နီပြည်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတနေရာမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ ရွေ့ပြောင်းနေထိုင်ကြဖို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

သူတို့နေထိုင်တဲ့ နေရာလေးဟာ နှစ်စဉ် ရေရှားပါးမှု နဲ့အတူ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အခုလို ပြောင်းရွေ့ဖို့ စီစဉ်ရတာဖြစ်တယ်လို့ သိရပါတယ်။

ပြောင်းရွေ့နေထိုင်ဖို့အတွက် တဲအိမ်တလုံးကို အနည်းဆုံး ကုန်ကျစရိတ် (၅) သိန်းနဲ့အထက်မှာ ရှိနေတာကြောင့် မိသားစု (၁၅) စုလောက်ဟာ ရွေ့ပြောင်း ဖို့အတွက် အခက်အခဲတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီ (၁၅) အိမ်ကလေ ဒီအိမ်ခြေ (၂၀၀) ကျော်ထဲက အခက်အခဲဆုံးလို့ ပြောရမလား။ သူများတွေက ရွေ့လို့ ရတယ်ပေါ့နော်။ သူတို့ကတော့ ပိုက်ဆံ မရှိကြဘူး။ အိမ်တစ်အိမ်ကို ရွေ့ဖို့က အနည်းဆုံး ၅ သိန်းလောက်က ကုန်မှာဆိုတော့ ဝါးတွေကလည်း တစ်ချောင်းကို တစ်သောင်းပေးရတယ်။ အဲ့ဒါကြောင့် သူတို့မှာ အဲဒါတွေအတွက် ခက်ခဲတယ်ပေါ့နော်။ မရွေ့နိုင်တဲ့ အနေအထားမှာ သူတို့ရှိနေတယ်ပေါ့နော်။ အဲဒီ ၁၅ အိမ်က။ ကျန်တဲ့ အိမ်တွေကတော့ ရွေ့နေပြီ။ ဒါပေမယ့် တချို့တွေကျတော့ ကျန်နေသေးတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ အိမ်ခြေ (၂၀၀) ကျော် ရှိပြီး မိသားစု ၁၅ စု အတွက် အကူအညီတွေ လိုအပ်နေတာပါ။

လက်ရှိမှာ စားနပ်ရိက္ခာ နဲ့ အမိုးအကာ ကို အဓိက လိုအပ်နေကြတာ ဖြစ်ပြီး တချို့မိသားစုတွေမှာ အလုပ်အကိုင်မရှိတာတွေကြောင့် ချေးငှားစားသုံးရတဲ့ အနေအထားမှာ ရှိကြတယ်လို့လည်းသူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းဟာ ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံ ၊ မိုးဗြဲ တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

June 2, 2026
ပြီးခဲ့တဲ့ မေလ ၁လအတွင်း၊ ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်က ဘီလူးချောင်းမှာ ရေနစ်သေဆုံးမှုအပြင်...
June 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်က ကျေးရွာတစ်ခုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းပြန်ဆုတ်ပြီးနောက်၊...
May 30, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူထုတွေကြား...
May 29, 2026
စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့...