ကျိုက်ထီးရိုးလာတဲ့ ဘုရားဖူးတွေကို PDF တွေ ဖမ်းဆီးနေတယ်လို့ စစ်တပ် သတင်းမှားဖြန့်

ကျိုက်ထီးရိုးလာတဲ့ ဘုရားဖူးတွေကို PDF တွေ ဖမ်းဆီးနေတယ်လို့ စစ်တပ် သတင်းမှားဖြန့်

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်/အမှားအစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။

ဒီကနေ့မှာတော့ “ကျိုက်ထီးရီုးစေတီတော်ကို ဘုရားဖူးလာတဲ့ ပြည်သူတွေအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖမ်းဆီးခဲ့တယ်” ဆိုပြီး စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့် သတင်းစာတွေအပါအဝင် တပ်လော်ဘီတွေရဲ့ ဝါဒဖြန့် ချန်နယ်တွေမှာ ဧပြီ ၁၆ ရက်နေ့ကစလို့ ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေ ကဒက်ချောင်းရေတံခွန်မှာ ရေလာကစားတဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်နေ ပျူစောထီးခေါင်းဆောင်အပါအဝင် မိသားစုဝင် ၆ ဦးကိုသာ PDF တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က သတင်းဖြန့်ထားသလို ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာမဟုတ်ဘဲ ပျူစောထီးခေါင်းဆောင် လှိုင်မင်းနဲ့ ဇနီးဖြစ်သူ ယမင်း၊ သားဖြစ်သူ မင်းမော်ဦး၊ မဲကြီး၊ ကျော်ကျော်ဦး၊ သိန်းဌေးတို့ကိုသာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဧပြီ ၁၈ ရက်နေ့က ကျန်တဲ့မိသားစုဝင်တွေကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၂) စစ်ဒေသခွဲ၊ အမှတ် (၂၇) စစ်ဗျူဟာက ဧပြီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်အရ ဧပြီ ၁၅ ရက်နေ့က ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှာ ညောင်လေးပင်မြို့နယ်က စစ်ကောင်စီသြဇာခံ ပျူစောထီးခေါင်းဆောင် လှိုင်မင်း၊ ဒု-ပျူစောထီးခေါင်းဆောင် ကိုမဲကြီးအပါအဝင် မိသားစုဝင် ၄၈ ဦးကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ အမှတ် (၂၇) စစ်ဗျူဟာ တာဝန်ခံ ရဲဘော်အေးမင်းထွန်းက ဒေသတွင်းသတင်းဌာနဖြစ်တဲ့ သံလွင်တိုင်းမ်ကို ပြောထားပါတယ်။

ပျူစောထီးခေါင်းဆောင် လှိုင်မင်းအပါအဝင် ၆ ဦးက လူသတ်အလောင်းဖျောက်တာ၊ ခမရ ၂၀ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ရွာတွေမီးရှို့တာ၊ လူငယ်တွေကို စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်တဲ့ကိစ္စတွေကို စစ်ဆေးထားမှုအရ ကျူးလွန်ထားတာတွေ့ရတယ်လို့ အမှတ် ၂၇ စစ်ဗျူဟာရဲ့ ပြောဆိုချက်ကို မြေလတ်အသံသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ချက်ချင်းမလွတ်ဘူးဆိုတာ ကျွန်တော်တို့ လွတ်လိုက်လို့ စစ်ကောင်စီဘက်က သူတို့ကားကို တခုခု အန္တရာယ်ပြုပြီး ကျွန်တော်တို့ လုပ်လိုက်တာဆိုပြီး သူတို့ သတင်းအမှားတွေ ထုတ်လွှင့်မှာလည်း စိုးရိမ်တယ်လို့ PDF အမှတ် (၂) စစ်ဒေသခွဲ၊ အမှတ် (၂၇) စစ်ဗျူဟာက ဧပြီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

PDF အမှတ် (၂) စစ်ဒေသခွဲ၊ အမှတ် (၂၇) စစ်ဗျူဟာမှာ ဖော်ပြထားတဲ့ သတင်းလင့် -

https://shorturl.at/powCq

သံလွင်တိုင်းမ် သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/fVwMc

မြေလတ်အသံသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/Ab4iy

MIZZIMAသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/aKqyi

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...