ငလျင်ကြောင့် ကျောက်ဆည်တွင် လူ ၁၀၀ ကျော်သေဆုံး၊ ပြိုကျအဆောက်အဦများ ရှင်းလင်းရေး အကူအညီလို

ငလျင်ကြောင့် ကျောက်ဆည်တွင် လူ ၁၀၀ ကျော်သေဆုံး၊ ပြိုကျအဆောက်အဦများ ရှင်းလင်းရေး အကူအညီလို
မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ပြင်း ငလျင်ကြောင့် ကျောက်ဆည်မြို့တွင် ပြိုကျပျက်စီီးသွားသည့် အ ဆောက် အဦးများကို တွေ့ ရစဉ်။ (ဓါတ်ပုံ – Pyae Gyi လူမှုကွန်ယက်စာမျက်နှာ)
မတ်လ ၂၈ ရက်နေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သည့် အင်အား ပြင်း ငလျင်ကြောင့် ကျောက်ဆည်မြို့တွင် ပြိုကျပျက်စီီးသွားသည့် အ ဆောက် အဦးများကို တွေ့ ရစဉ်။ (ဓါတ်ပုံ – Pyae Gyi လူမှုကွန်ယက်စာမျက်နှာ)

စစ်ကိုင်းမြို့ အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင်လည်း ထိခိုက်ပျက်စီးမှုများခဲ့ပြီး သေဆုံးသူ ၁၀၅ဦးရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများထံမှသိရသည်။

ကျောက်ဆည်မြို့ဆေးရုံကြီးမှ ဧပြီလ ၁ရက်နံနက်အထိစာရင်းအရ သေဆုံးသူ ၁၀၅ ဦးအတည်ပြုထားနိုင်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောသည်။

၎င်းက “ရုပ်အလောင်းတွေည်းရှင်းလင်းပြီးပါပြီ။ ကယ်ဆယ်နိုင်ခဲ့တဲ့အရေအတွက်ကတော့ အတိအကျမသိရဘူး။ နီးစပ်ရာပြည်သူတွေ ဝိုင်းကယ်တာတွေရှိတယ်” ဟု ပြောသည်။

ငလျင်ကြောင့် ကျောက်ဆည်မြို့၊အေးမြကြည်လင်ရပ်ကွက်ရှိ မူကြိုကျောင်းပြိုကျပျက်စီးခဲ့ပြီး တနေရာတည်းတွင် ထိခိုက်သေဆုံးသူအများဆုံးဖြစ်ခဲ့သည်ဟု မြို့ခံတဦးကပြောသည်။ အဆိုပါမူကြိုကျောင်းမှ ကလေးငယ် ၅၀ ကျော်နှင့် ဆရာမများအား ကယ်ထုတ်နိုင်ခဲ့သော်လည်း ကလေးငယ် ၂၁ ဦးနှင့် ဆရာမသုံးဦးသေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ပြီး ပြိုကျအဆောက်အဦများ ရှင်းလင်းရန် စီစဉ်နေကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ များထံမှသိရသည်။

ကျောက်ဆည်မြို့ငလျင်လှုပ်ခတ်မှုအတွင်းနေအိမ်အဆောက်အဦများ ၊ စျေးဆိုင်ခန်းများ၊ ဘာသာရေးအဆောက်အဦးများပြိုကျပျက်စီးခဲ့ပြီး ပျက်စီးမှုစာရင်းကို ကောက်ယူနေဆဲဟု သိရသည်။

ပြိုကျပျက်စီးသည့် အဆောက်အဦများကို ရှင်းလင်းရန် စက်ယန္တရားများနှင့် စက်သုံးဆီလိုအပ်နေကြောင်း ဒေသခံများကပြောသည်။

မတ်လ ၂၈ ရက်နေ့မွန်းလွဲ ၁၂နာရီ ၅၀မိနစ် အချိန်တွင် စစ်ကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားကြီးငလျင်ကြောင့် မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းကိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှုများခဲ့သည်။

ငလျင်ဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ အပျက်အဆီးရှင်းလင်းရေးနှင့်လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးကဏ္ဍများတွင် စိန်ခေါ်မှုများ ကြုံတွေ့နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကထုတ်ပြန်ထားသည်။သေဆုံးသူဦးရေ ၂,၃၉၅ ဦးရှိပြီး ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရသူဦးရေ ၈,၅၆၂,၅၅၅ ဦးခန့်ရှိကြောင်း NUGက ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီကမူ မတ်လ ၃၁ရက်ည ၁၁ နာရီအထိ စာရင်းအရငလျင်ကြောင့် သေဆုံးသူ ၂,၀၅၆ ဦးရှိပြီး ၃၉၀၀ဦး ဒဏ်ရာရကာ ၃၀၀ ဦး ပျောက်ဆုံးနေကြောင်း ယနေ့နံနက်ပိုင်း၌ထုတ်ပြန်ထားသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...