ဆိပ်ဖြူမှာ စစ်တပ်လက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

ဆိပ်ဖြူမှာ စစ်တပ်လက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ၅ နှစ်အရွယ် အမွှာပူး ၂ ဦးအပါအဝင် ၅ ဦး သေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ရွှေဘိုးကျွန်း ကပစ ၂၁ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းထောင့်ရွာကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒေသခံတစ်ဦးက "အခုလောလောဆယ် ငါးယောက်လောက် သေတယ်။ အမေကြီးတစ်ယောက်ရယ် အမွှာပူးလေး နှစ်ယောက်ရယ်၊ သားရယ်၊ ချွေးမရယ်ပေါ့။ အမွှာပူးလေးတွေက ၄ နှစ်ကျော်ပေါ့။ အိမ်ထဲကျပြီး ပေါက်ကွဲတာ" လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၅ နှစ်အရွယ် အမွှာပူး ၂ ဦး၊ အသက် ၅၀ အရွယ် လင်မယား ၂ ဦးနဲ့ အသက် ၈၀ အရွယ် အဘွားအို ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကတော့ ကာကွယ်ရေးအဖွဲ့တွေက ဆိပ်ဖြူမြို့နယ် ကပစ ၂၁ ကို လျှော့တိုက်ဒုံး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ကပစ ၂၁ ဟာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ထုတ်လုပ်နေပြီးတော့ တိုက်ခိုက်မှုအပြီးမှာ ထုတ်လုပ်မှု ရပ်တန့်သွားတယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...