ဆိပ်ဖြူမှာ စစ်တပ်လက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

ဆိပ်ဖြူမှာ စစ်တပ်လက်နက်ကြီးကျလို့ အမွှာပူးကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ၅ နှစ်အရွယ် အမွှာပူး ၂ ဦးအပါအဝင် ၅ ဦး သေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ရွှေဘိုးကျွန်း ကပစ ၂၁ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းထောင့်ရွာကို ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒေသခံတစ်ဦးက "အခုလောလောဆယ် ငါးယောက်လောက် သေတယ်။ အမေကြီးတစ်ယောက်ရယ် အမွှာပူးလေး နှစ်ယောက်ရယ်၊ သားရယ်၊ ချွေးမရယ်ပေါ့။ အမွှာပူးလေးတွေက ၄ နှစ်ကျော်ပေါ့။ အိမ်ထဲကျပြီး ပေါက်ကွဲတာ" လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၅ နှစ်အရွယ် အမွှာပူး ၂ ဦး၊ အသက် ၅၀ အရွယ် လင်မယား ၂ ဦးနဲ့ အသက် ၈၀ အရွယ် အဘွားအို ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကတော့ ကာကွယ်ရေးအဖွဲ့တွေက ဆိပ်ဖြူမြို့နယ် ကပစ ၂၁ ကို လျှော့တိုက်ဒုံး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

ကပစ ၂၁ ဟာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ထုတ်လုပ်နေပြီးတော့ တိုက်ခိုက်မှုအပြီးမှာ ထုတ်လုပ်မှု ရပ်တန့်သွားတယ်လို့ သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

Most read this week

January 21, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲတွေဟာ ဒေသတွင်း...
January 20, 2026
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း ပဋိပက္ခဖြစ်ပွားမှု အရေအတွက်ကြိမ်နှုန်း...
January 19, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အာဏာသိမ်း စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေဟာ...
ဓာတ်ပုံ-MOI
January 17, 2026
မွန်ပြည်နယ်မှာ ခရီးသွားတွေ အရင်ထက် ပိုမိုဝင်ရောက် လည်ပတ်နိုင်ရေးနဲ့ ခရီးသွားကဏ္ဍ...