ရသေ့တောင်နယ်စပ်အထိ ARSA လှုပ်ရှားမှု ကျယ်ပြန့်လာနေ

ရသေ့တောင်နယ်စပ်အထိ ARSA လှုပ်ရှားမှု ကျယ်ပြန့်လာနေ
ကျောက်ပန္ဒူ - စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ်။
ကျောက်ပန္ဒူ - စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် ဒေသများတွင် ပြည်သူများ အသက်အိုးအိမ်လုံခြုံရေးမှာ စိုးရိမ်စရာ ဖြစ်လာနေသည်။

ဇန်ဝါရီလ ၄ ရက် ည ၇ နာရီကျော်တွင် မောင်တော၊ ကျောက်ပန္ဒူကနေ ရသေ့တောင်မြို့နယ် စေတီပြင်သို့ လာသည့် ခရီးသည်တင် တုတ်တုတ်ချေ (အိန္ဒိယ သုံးဘီး) တစ်စီးကို မေယုတောင်ကျော်လမ်း၊ မြို့ယုကျေးရွာအနီးတွင် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် ၃ ဦးထဲမှ တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“စေတီပြင်ကိုသွားတဲ့ တုတ်တုတ်ချေကို အာဆာက ခြုံခိုပြီး အနီးကပ်ပစ်တာ။ တစ်ယောက်က သေသွားပြီး ကျန်တဲ့နှစ်ယောက်လည်း ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက အင်းဒင်ရွာက တစ်ယောက်၊ ဦး‌ဒေါင်းရွာက တစ်ယောက်လို့ သိရတယ်။ သေတဲ့လူတစ်ယောက်ကိုတော့ ကျမ နာမည်မသိရဘူး” ဟု ကျောက်ပန္ဒူကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARSA RSO ARA အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၊ ဘူးသီးတောင် မေယုတောင်ကြောတလျှောက်တွင် လှုပ်ရှားပြီး ပြည်သူများကို ဖမ်းဆီးငွေညစ်ခြင်းနှင့် ခြုံခုံတိုက်ခိုက်ခြင်းတို့ မကြာခဏ ပြုလုပ်တတ်သည်။

လက်ရှိတွင် အာရက္ခတပ်တော်သည် မောင်တောဒေသတွင် လုံခြုံရေးတိုးမြှင့်ထားသည့်ကြားမှ မောင်တော - ရသေ့တောင်နယ်စပ်အထိ ARSA အဖွဲ့ဝင်များက ပြည်သူများကို တိုက်ခိုက်မှုများပြုလုပ်လာသဖြင့် ဒေသခံများကြားတွင် စိုးရိမ်မှု မြင့်တက်လျှက်ရှိသည်။

“အာဆာတွေ ပိုပြီး ကြောက်စရာကောင်းလာတယ်။ အခု တိုက်ခိုက်ခံရတာဆိုရင် မြိုယုရွာအလွန်က လူသွားလူလာများတဲ့ နေရာမှာဖြစ်တာ ရသေ့တောင်မြို့နယ် စေတီပြင်နဲ့လည်း သိပ်မဝေးတော့ဘူး။ ရွာက တချို့လူတွေဆို တောင်ကျော်လမ်းကိုကြောက်လို့ မသွားရဲတော့ဘူး” ဟု စေတီပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲ့ဝင်များသည့် ဒေသအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် ARSA နှင့် အခြား မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဝင်များအား လိုက်လံရှင်းလင်းနေကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၅ ရက်ကလည်း ARSA အဖွဲ့ဝင်များ ဘူးသီးတောင်မြို့‌နယ် ဆင်စွယ်ရ (သက္ကမ) ကျေးရွာတွင်းသို့ ဝင်ရောက်မီးရှို့တိုက်ခိုက်မှုကြောင့် ကျေးရွာတွင်းရှိ အိမ်နှစ်ဆောင်မီးရှို့ခံရကာ  အသက် (၁၆) နှစ်အရွယ် အမျိုးသမီးတစ်ဦး ‌အသတ်ခံရပြီး အမျိုးသား ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။

အလားတူ ဒီဇင်ဘာ ၂၄ ရက်တွင်လည်း ကြိမ်ချောင်းမှ တောင်ပြိုလက်ဝဲသို့သွားသည့် ကားတစ်စီးအား ARSA အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...