ဖလမ်းမြို့က ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်၊ ရဲအများအပြားအလင်းဝင်

ဖလမ်းမြို့က ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်၊ ရဲအများအပြားအလင်းဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့က ရဲစခန်းနဲ့ မြို့နယ်ထွေအုပ်ရုံးကို  နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ပါဝင်တဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကာ ဖလမ်းမြို့မှာ ခလရ ၂၆၈ တပ်ကုန်းမှာသာ စစ်ကောင်စီတပ်ကျန်ရှိနေကြောင်းသိရပြီး ဖလမ်းမြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုအပါအဝင် အယောက် ၄၀ ကျော်လည်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံ အလင်းဝင်ရောက်တယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေ ပြောပြချက်အရ သိရပါတယ်။

စစ်ရေးအခြေအနေသိရှိတဲ့ ဖလမ်းဒေသခံတစ်ဦးပြောတာက “ ဒီကနေ့(နိုဝင်ဘာလ ၁၂ ရက်နေ့) ရဲစခန်းနဲ့ ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ပြီ။ ရဲစခန်းကနေ အလင်းဝင်တဲ့သူ ၄၀ ကျော်ရှိတယ်။ ဖလမ်းမြို့တွင်း အားလုံးထိန်းချုပ်နိုင်ပြီ။အခုက ခလရ ၂၆၈ တပ်ကုန်းပဲ ကျန်တော့တယ်” လို့ ပြောပါတယ်။

လက်ရှိ ဖလမ်းမြို့တွင်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထိန်းချုပ်နိုင်ပြီလို့ သိရပြီး ခလရ ၂၆၈ တပ်ကုန်းပဲ သိမ်းပိုက်ဖို့ ကျန်တော့တဲ့အကြောင်းလည်း သိရပါတယ်။

ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကစလို့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲနေ့စဉ်နီးပါး မကြာခဏဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့စလို့ ဖလမ်းမြို့က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့က ပူးပေါင်းတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်

May 8, 2026
ဖလမ်း - ဟားခါး ကြားမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရေးပေါ် ထွက်ပြေးတိမ်းရှောင်လာရတဲ့...
May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...