အင်းလေးဒေသ ရေကြီး၊ပျက်စီးသွားသော နေအိမ်များ ပြန်လည်ထူထောင်ရန် ခက်ခဲ

အင်းလေးဒေသ ရေကြီး၊ပျက်စီးသွားသော နေအိမ်များ ပြန်လည်ထူထောင်ရန် ခက်ခဲ

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ‌တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် ပြန်လည်ထူထောင်ရန်ခက်ခဲနေ‌ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလအတွင်း တိုက်ခတ်ခဲ့သော ရာဂီမုန်တိုင်းကြောင့် သျှမ်းပြည်တောင်ပိုင်းရှိမြို့နယ်အများအပြား ရေကြီးမှုဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။

ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသအနောက်ဘက်ရှိ  ကျွန်းကြီးအုပ်စု၊ မင်းချောင်းအုပ်စု၊တုံးလည်တောင်ပို့ကြီး နှင့် အင်းတိန်အုပ်စု တို့သည် ရေကြီးမှုဒဏ်ကြောင့် စိုက်ခင်းများပါ ပျက်စီးသွားကာ  လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရန် ခက်ခဲနေသေးကြောင်း အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော့်အိမ်ရေမြုပ်သွားတာ ကိုယ့်အိမ်ကို ပြန်နေရတာနှစ်ရက်လောက်ပဲ ရှိသေးတယ်။ ပစ္စည်းတွေကလည်း တော်တော်ဆုံးရှုံးမှုများတယ်။ ပြန်လည်ထူထောင်ရေးတွေလည်း တော်တော်လုပ်ယူရမှာ။ ရေပေါ်ရွာက တော်တော်များများ အကူညီတွေလိုနေကြတာ။ အလှူရှင်တွေလည်း သိပ်မရောက်တာဘူး ဒီအနောက်ဖက်ကမ်းကို” ဟု အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက‌ ပြောသည်။

ထို့ပြင်ရေကြီးမှုကြောင့် အဓိက လုပ်ကိုင်နေသည့် ခရမ်းချဉ်သီးခြံများလည်း ပျက်စီးသွားကာ နောက်ရာသီများအတွက် စိုက်ပျိုးရန်ခက်ခဲနေကြကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ ရွာက စိုက်ခင်းတွေက ရေမြုပ်နေတုန်းပဲ။ လာမယ့် မြေပဲရာသီမှာလည်း မစိုက်နိုင်ကြတော့ဘူး။ တောင်သူတွေရဲ့ ခရမ်းချဉ်သီးခြံတွေ ပျက်ကုန်တယ်။ စားဝတ်နေရေးတော့ တော်တော်ရုန်းကန်ရ အုန်းမယ်။ ဘယ်လိုဆက်လုပ်ရမလဲတောင် မပြောတတ်ဘူး”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့် ပျက်စီးမှုများရှိခဲ့သည်။

March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...
March 28, 2026
စိုင်းခွမ်မိန်း — စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို...