ဖလမ်းမြို့တွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရ

ဖလမ်းမြို့တွင်းမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရ

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့  (CNDF )အကြား တိုက်ပွဲတွေ ဆက်လက်ပြီးပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ စစ်ရေးအခြေအနေ သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ရေးအခြေအနေ သိရှိတဲ့ ဒေသခံတစ်ဦးပြောတာက “ လက်ရှိ မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်နေတယ်။ ခလရ ၂၆၈ ကို မရသေးဘူး။ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့ အခြေအနေမှာရှိတယ်။ နောက်ပြီး မြို့တွင်းမှာ ကျန်တဲ့ဟာတွေလည်း မရှိတော့ပါဘူး” လို့ပြောပါတယ်။

ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကစလို့ ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့သိရပြီး စစ်ကောင်စီဘက်ကလည်းအပြင်းအထန် ခုခံနေတယ်လို့လည်း သိရပါတယ်။

ဖလမ်းမြို့အနီးနားရွာမှာ စစ်ဘေးရှောင်နေတဲ့ ဖလမ်းဒေသခံတစ်ဦးပြောတာက “ လက်ရှိထိ ပစ်ခတ်သံတွေဆက်ရှိနေတယ်။ မနေ့ညနေပိုင်းလောက်မှာဆိုရင် လေယာဉ်နဲ့ဗုံးကြဲတာမျိုးရှိခဲ့တယ်။ ဒီနေ့လည်း ဘယ်လိုဖြစ်မလဲ မသိရသေးဘူး။ မြို့ခံအားလုံးနီးပါးကတော့ ထွက်ပြေးကြမှာပါဘဲ ဒါပေမယ့် လုံခြုံမယ်ထင်တဲ့ နေရာကတချို့မှာတော့ ကျန်ကောင်းကျန်နိုင်ပါတယ် လက်ရှိမြို့တွင်းဝင်လို့လည်း မရသေးတော့ အတိအကျမသိသေးဘူး”  လို့ပြောပါတယ်။

လူဦးရေ ၁ သောင်းဝန်းကျင်နေထိုင်တဲ့ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ၂၈ ရက်အထိ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိလာတဲ့နောက်ပိုင်း ဖလမ်းမြို့ကဒေသခံတွေဟာ အိန္ဒိယနိုင်ငံ နဲ့ ကလေးမြို့ဘက်တွေကို မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။

January 28, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ကို အင်အားဖြည့်ဖို့...
January 24, 2026
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship...
January 23, 2026
၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံမှာစစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်...
January 22, 2026
ချင်းပြည်နယ်မှာ “စိတ်ကျန်းမာရေး၊ ကျား၊ မရေးရာ နှင့် ပဋိပက္ခများ” သုတေသနအစီရင်ခံစာ ပြုလုပ်စဉ်...