ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ

ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ

သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူထားပြီး ထိပါးနှောင့်ယှက်မှုများ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ လမှစပြီး  နောင်တရားမြို့ စစ်ကောင်စိဂိတ်တွင် ကရင်နီနှင့် တခြားသော ပအိုဝ်းဒေသမှ ဖြတ်သန်းသွားလာသည့် စစ်ရှောင်များ အမျိုးသမီးများကို  ဓာတ်ပုံများရိုက်ယူထားကြောင်း စစ်ဘေးရှောင်များကပြောသည်။

ထို့အပြင် ခန္ဓာကိုယ် အသားယူထိပါးနှောင့်ယှက်မှုများပါ လုပ်ဆောင်နေပြီး စစ်ရှောင် အမျိုုးသမီးများအနေဖြင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြင် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ မရှိတော့ဟု ပင်လောင်းမြို့စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမက စစ်ရှောင်ရာကနေ ခနအိမ်ပြန်ကြည့်တာပေါ့။ နောင်တရားဂိတ်မှာ စစ်တပ်သားတွေက မိန်းကလေးတွေဆို အကုန်ဆင်းခိုင်းတယ်။ ပြီးရင် တန်းစီခိုင်းပြီး ဓာတ်ပုံတွေ ရိုက်ယူထားတာ။ ဘာလို့လဲမေးတော့ လုံခြုံရေးအရလို့ ပြောတယ်။ ပြီးတော့ အမျိုးသမီး ငယ်ငယ်လေးတွေဆို အသားယူပြီး ခန္ဓာကိုယ် အကိုင်ခံရတာ။ ကြာတော့ ဘာမှ လုံခြုံမှုမရှိတော့ဘူး” ဟု ပအိုဝ်းအမျိုးသမီး စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိပါးနှောက်ယှက်မှုများတွင် အမျိုးသမီးငယ်များကို ပို၍ထိပါးနှောင့်ယှက်နေပြီး သက်ကြီးပိုင်းအမျိုးသမီးများကို ပုံသာရိုက်ယူထားကြောင်း ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

ထိုသို့ စစ်တပ်ဂိတ်တွင် ထိပါးနှောင့်ယှက်မှု ရှိနေသဖြင့် အမျိုးသမီးများ အနေဖြင့် သွားလာရ အဆင်မပြေဖြစ်ပြီး စိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေကြသည်။

“ အခုက နောင်တရားဂိတ်ကို ဖြတ်ရမယ်ဆို လန့်နေပြီ။ အရေးကြီး သွားဖို့လိုရင်တောင် အဖော်ပါမှ သွားရဲတာ။ ခေတ်ကလည်း လုံးဝ ဆိုးနေပြီ။ ဒီပုံအတိုင်းဆို မုဒိန်းပါ ကျင့်ခံရမလားမသိဘူး။ ကြောက်နေရတယ်။ ကိုယ့်အိမ်မှာနေတာတောင် မလုံခြုံတော့တဲ့ အခြေနေဆိုတော့ သတိနဲ့နေရတာပေါ့” ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။

ယခုလို ထိပါးနှောင့်ယှက်ခံရသူမှာ စစ်ဘေးရှောင်သွားသည့် အမျိုးသမီးများကို ပိုမိုလုပ်ဆောင်နေပြီး အမျိုးသမီးများအနေဖြင့် တစ်ယောက်တည်း မသွားလာဖို့ အဆိုပါစစ်ရှောင်အမျိုးသမီးက အကြံပေးပြောဆိုသည်။

ယခုလက်ရှိ ပင်လောင်းတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပအိုဝ်းပြည်သူနှင့် ကရင်နီလူမျိုးကြား သွေးကွဲမှုဖြစ်အောင် ဝါဒဖြန့်လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...
April 20, 2026
စိုင်းခွမ်မိန်း —မြန်မာနှစ်သစ်ကူးရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကျဉ်းထောင် အသီးသီးရှိ...
April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...