လားရှိုးမြို့နယ် UWSA က အရပ်သားများစစ်မှုထမ်းစာရင်းကောက်နေ

လားရှိုးမြို့နယ် UWSA က အရပ်သားများစစ်မှုထမ်းစာရင်းကောက်နေ

သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA  ဝင်ရောက်လာပြီးနောက် အရပ်သားများကို စစ်မှုထမ်းရန်ပြောဆို ခြိမ်းခြောက်နေကြကြောင်း သတင်းရရှိသည်။

လားရှိုးမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA ဝင်‌ရောက် ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာတွင် အောက်တိုဘာလမှစ၍ အရပ်သားများကို စစ်မှုထမ်းရန် နာမည်စာရင်းများပေးခိုင်းပြီး၊ စာရင်းမပေးပါက ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုများလည်းရှိနေကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရင်လက စကောက်တယ်။ အိမ်တိုင်းလိုလိုကောက်တယ်။ အိမ်ထောင်စုထဲက လူငယ်အမျိုးသားနာမည်တွေ အားလုံးကောက်သွားတယ်။ စာရင်းမပေးရင် ပြစ်ဒဏ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းကျက်ကျေးရွာအတွင်း  ‘ဝ’တပ်ဖွဲ့ UWSA  မှ စစ်မှုထမ်းရန် အတွက် ယောကျာ်လေး စာရင်းလူဦးရေ ၂၀၀ ကျော် ကောက်ယူထားသည်။

ထိုစာရင်းထဲပါသည့် ဆယ်ကျော်သက်များ ၊ လူငယ်များသည် စစ်မှုထမ်းရမည်ကို စိုးရိမ်သဖြင့်  ထွက်ပြေးတိမ်း‌ရှောင်နေကြရကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ထပ်မံလောင်းပြောသည်။

“သူတို့က စာရင်းကောက်တာ ပြီးခါနီးပြီ။ ဒေသခံတွေကတော့ ဘယ်သူမှ သဘောမတူကြဘူး ငြင်းလို့လည်းမရ တောင်ပန်လို့လည်း မရဘူး။ မိသားစုတွေမှာ သားက စာရင်းထည့်ထားပြီး သားကအိမ်မှာ မရှိရင် အဖေကိုသွားခိုင်တဲ့အထိ လုပ်မှာတဲ့။ ကျန်ရှိနေတဲ့ အမျိုးသမီးတွေကိုလည်း သူတို့ရုံးတွေကိုသွားခိုင်းပြီး သန့်ရှင်းရေးလုပ်ခိုင်းတယ်။ ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုဖြစ်စဉ်နှင့်ပတ်သတ်၍ သျှမ်းသံတော်ဆင့်မှ ‘ဝ’တပ်ဖွဲ့ UWSA  တာဝန်းရှိသူများကို ဆက်သွယ်ပါသော်လည်း ပြန်လည်းဖြေဆိုခြင်းမရှိပေ။

မိုင်းကျက် ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့  MNDAA၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ‘ဝ’တပ်ဖွဲ့ UWSA  နှင့်  ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တို့ သွားလာလှုပ်ရှားသည့် ဒေသဖြစ်သည်။

မိုင်းကျက်ကျေးရွာသည် လားရှိုးမြို့ နှင့်  မိုင် ၅၀ ခန့်ကွာဝေးပြီး ၊ မိုင်းယော်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးသည်။

လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...
April 21, 2026
သျှမ်းပြည် တောင်ကြီး၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ့်အတွင်းရှိ ပုံးအင်းဒေသတွင် ခရုနီများ...