ဗန်းမော်မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားရုံဖွင့်လှစ်မှုပိုများပြားလာနေ

ဗန်းမော်မြို့ပေါ်ရပ်ကွက်တွေမှာ လောင်းကစားရုံဖွင့်လှစ်မှုပိုများပြားလာနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  အခုလတွေအတွင်း မြို့ပေါ်ရပ်ကွက်တွေထဲ လောင်းကစားရုံများပေါများလာပြီး သက်ဆိုင်ရာအာဏာပိုင်များကလည်း အရေးယူဖမ်းဆီးတာတွေမရှိဘူးလို့   ဒေသခံများထံမှ သိရပါတယ်။

“ လောင်းကစားရုံတွေတအားပေါလာတယ် ရုံတွေမှအများကြီးပဲ ဒီလောင်းကစားတွေကြောင့် မိန်းမနဲ့ယောင်္ကျား စကားများကြ အဆင်မပြေကြဘူး (ပိုက်ဆံ)မရှိကြပါဘူးဆိုနေမှ ဒါတွေကျမဖမ်းဘူး နောက်လကျရင် ဘာမဟုတ်တဲ့ ဆိုင်ကယ်ဘက်မှန်နဲ့ လိုင်စင်တွေဖမ်းမယ်တဲ့ ပြောနေတာ” ဟု ဗန်းမော်မြို့၊သိမ်တော်ကြီးရပ်ကွက်အတွင်းနေထိုင်သူ မြို့ခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

စက်တင်ဘာလမှာ မှောင်ခို တရားမဝင်ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံ(၂)ရုံသာရှိပြီး အောက်တိုဘာလမှာတော့ တရားဝင်နီးပါးဖွင့်လှစ်လာနေကြတဲ့ လောင်းကစားရုံတွေ နဲ့ လောင်းကစားရုံပြုလုပ်ဖို့ အသစ်ဆောက်လုပ်နေဆဲများစွာလည်းရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီလိုလောင်းကစားရုံတွေများပြားလာသလို   လောင်းကစားဆော့ကစားသူတွေလည်းပေါများလာတာကြောင့် မြို့တွင်းမှာ ခိုးဆိုးလုယက်မှုများလည်း  မကြာခဏဖြစ်ပွားနေကြောင်း သိရပါတယ်။

 

“ အလုပ်လည်းမရှိဘူးလေနော့အခုအချိန်မှာ အကုန်လုံးက သူသူငါငါအကုန်ခက်ခဲနေကြတာ  စားစရာကမရှိပါဘူးဆို လူတွေကိုကြိတ်ကြိတ်တိုးပါဆို အဲ့ဒီကိုသွားကြတာနော် လမ်းမှာတွေလည်းလေ ယောင်္ကျားလေးတန်မဲ့ တောင်းစားနေတဲ့သူတွေမှာ အများကြီးပဲဆို သူခိုးတွေလည်းဘယ်လောက်ထိအခြေအနေဆိုးလည်းဆို အဝတ်အစားဆိုင်တွေက အထည်တွေကိုလည်း ဒီတိုင်းဖြုတ်ယူခိုးကြတာ” ဟု  ဒေသခံတစ်ဦးက ပြောပြပါတယ်။  

ဗန်းမော်မြို့အနီးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပဋိပက္ခတွေကြောင့် မြို့ထဲမှာ အလုပ်အကိုင်ရှားပါးနေပြီး  အမျိုးသမီးအများစုက နယ်စပ်ဒေသတွေဆီ ထွက်ခွာအလုပ်လုပ်ကိုင်နေကြကာ အမျိုးသားများကတော့ လမ်းပိုင်းအဓမ္မစစ်သားစုဆောင်းခံရမည်စိုးရိမ်သောကြောင့် မြို့တွင်းမှာသာ နေထိုင်နေကြရပါတယ်။   

ဗန်းမော်ခရိုင်အတွင်းက ဗန်းမော်မြို့နယ်၊  မံစီမြို့နယ် ၊ ရွှေကူမြို့နယ် က ကျေးလက်ဒေသတွေမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားပြီး မြို့ပေါ်ရပ်ကွက်တွေမှသာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျန်ရှိနေတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...