ရေးပင်လယ်ပြင်က ရေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုပိုများလာ

ရေးပင်လယ်ပြင်က ရေလုပ်သားတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုပိုများလာ

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်သူတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်လောက်ကစပြီး ပင်လယ်ပြင်မှာငါးဖမ်းနေသူတွေကနေ နှစ်ဦးကလို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာရာကနေ အောက်တိုဘာ ၁၁ ရက်နေ့ထိ ရောဂါဖြစ်ပွားသူ ၄၀ ကျော်ထိဖြစ်လာပြီလို့ ဆိုပါတယ်။

လုံးဝပျောက်သွားတာမျိုးမဟုတ်ဘဲ ဆက်လက်ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွားသူတွေထဲမှာ ပင်လယ်ပြင် ရေလုပ်သား အများအပြားပါဝင်ကြောင်း၊ ရွာသူရွာသားတွေမှာတော့ ရောဂါဖြစ်ပွားမှုမရှိတဲ့အကြောင်း ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူတွေက ရေးမြို့ပေါ်အထိ တက်ပြီး ဆေးဝါးကုသရတာတွေရှိနေပြီး ဆေးကုသမှုခံယူပြီးမှ ပြန်လည်ပျောက်ကင်းကြတာလို့ဆိုပါတယ်။

ပင်လယ်ပြင်မှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုတွေကြောင့် ဒေသကျန်းမာရေးအဖွဲ့တွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက ပင်လယ်ပြင်အထိဆင်းပြီး အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာတွေ ရှိနေပါတယ်။

ပင်လယ်ပြင်မှာ ငါးဖမ်းလုပ်ငန်းလုပ်နေကြတဲ့ ရေလုပ်သားတွေဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာပြီးနောက် ရောဂါပြင်းထန်လာသူတွေက အစင်ကျေးရွာကနေတစ်ဆင့် ပြန်ဝင်ရောက်လာပြီး ဆေးကုသနေရတာတွေ ရှိနေပါတယ်။

ရေလုပ်သားတွေက ပင်လယ်မှာနေထိုင်စဉ်အတွင်း ပင်လယ်ရေနဲ့ဆေးကြောလျှော်ဖွတ်တာ၊ အိမ် သာတက်တာက အစအသုံးပြုတာ၊ ပင်လယ်ကရတဲ့ ငါးခရုတွေကို စားသောက်နေရတာကြောင့် အခန့်မသင့်ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ကူးစက်ဖြစ်ပွားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးအပတ်အတွင်းမှာ အစင်ကျေးရွာကနေပြန်ဝင်လာတဲ့ ရေလုပ်သားတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့ပါတယ်။

ရောဂါဖြစ်ပွားနေသူတွေကိုတော့ ဒေသခံတွေက ရေးမြို့နယ် ပြည်သူ့ဆေးရုံမှာတင်ပို့ထားရပြီး သီးခြားခွဲထားကာ စောင့်ကြည့်ဆေးကုသနေကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာလည်း သံဖြုဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ပင်လယ်ပြင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရေလုပ်သား ၆ ဦး သေဆုံးခဲ့ပြီး လူ ၁၅၀ ခန့် ရောဂါဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ - Earthquake People's Defence Force
June 27, 2026
မကွေးတိုင်း ပခုက္ကူခရိုင်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားတိုက်ပွဲ ဖြစ်ပွားပြီး...
ဓာတ်ပုံ-MOI
June 26, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ်တွေကို  မှတ်ပုံတင် ...
June 25, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအသစ် လက်ထက်မှာ...
ဓာတ်ပုံ-MOI
June 24, 2026
မွန်ပြည်နယ်မှာ သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဥပဒေအတိုင်း မရွေးချယ်ဘဲ...