တိုက်ပွဲကြောင့် ဖားကန့်ရောက် ရခိုင်ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရ

တိုက်ပွဲကြောင့် ဖားကန့်ရောက် ရခိုင်ဒေသခံ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ပြီး လုပ်ကိုင်စားသောက်နေကြသည့် ရခိုင်ဒေသခံထောင်နှင့်ချီမှာ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စက်တင်ဘာ လဆန်းပိုင်းမှစ၍ ဖားကန့်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

“တိုက်ပွဲတွေဖြစ်နေတော့ ဘေးလွတ်ရာကို ကစဉ့်ကလျား ထွက်ပြေးနေရတယ်။ အလုပ်တွေလည်း ရပ်ထားရတယ်” ဟု ဖားကန့်ရောက် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်ရှိ တောင်ပြို၊ ဗလခ၊ မောင်မောင်လျှံ စသည့် ကျေးရွာတို့တွင် နေထိုင်ပြီး ကျောက်စိမ်းတူးဖော်ခြင်း အလုပ်ကို လုပ်ကိုင်နေကြသည့် ရခိုင်ဒေသခံ ထောင်နှင့်ချီမှာ စစ်ဘေးရှောင်အဖြစ် တိမ်းရှောင်နေရခြင်းဖြစ်သည်။

ကမ္ဘာ့ဈေးကွက်ဝင် ကျောက်စိမ်းများထွက်ရှိသည့် ဖားကန့်ဒေသသည် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ဒေသခံများ ကျောက်တူးဖော်ရေး လာရောက်လုပ်ကိုင်ကြသည့် ဒေသဖြစ်သည်။

ဖားကန့်၌ စစ်ဘေးတိမ်းရှောင်နေရသည့် ရခိုင်ဒေသခံများမှာ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတို့တွင် ယာယီခိုလှုံနေကြရပြီး အလုပ်အကိုင်ရပ်နားထားရသဖြင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။

“ကျနော်တို့ အခု တော်တော်လေး ဒုက္ခရောက်နေပါတယ်။ ထွက်ပြေးနေရတာက ကိုယ့်နေရာ၊ ကိုယ့်ဒေသလည်း မဟုတ်ဘူး။ အခု ပါလာတာလေးတွေကုန်ရင် မကြာခင် ငတ်တော့မယ်။ အဲဒါကြောင့် အကူအညီတွေ ပေးကြဖို့ တောင်းဆိုပါတယ်” ဟု စစ်ဘေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ ပေါက်တောဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီ၏ လက်ကျန် ဗျူဟာကုန်းနှင့် ရဲစခန်းအပါအဝင် တပ်စခန်းတို့ကို KIA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

တိုက်ပွဲကြောင့် ဖားကန့်မြို့နယ်တွင် ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သား ၆ ထောင်ခန့်ရှိပြီး စားနပ်ရိက္ခာ အကူညီများ လိုအပ်နေကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...