သံတွဲမြို့ လေကြာင်းဗုံးကြဲခံရမှု စစ်ဘေးရှောင် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး

သံတွဲမြို့ လေကြာင်းဗုံးကြဲခံရမှု စစ်ဘေးရှောင် ၄၀ ခန့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့ကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၁၄ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတွင် ကျရောက်ပေါက်ကွဲကာ အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်း ဖြစ်သည်။

“မြို့နယ်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို လာပြီးဗုံးကြဲသွားတာ။ အဲဒီနေရာမှာ စစ်ဘေးရှောင်တွေ ခိုလှုံနေကြတာပါ။ ဒါကြောင့် အခုလို စစ်ဘေးရှောင်တွေ အစုလိုက်အပြုံလိုက် သေဆုံးဒဏ်ရာရရှိသွားတာ” ဟု သံတွဲ ဒေသခံတစ်ဦးက ပြောသည်။  

ဒဏ်ရာရရှိသူများမှာ အရေးပေါ်ဆေးကုသမှုခံယူနေပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ရှိနေသည်။

သံတွဲမြို့နယ်ကို အာရက္ခတပ်တော်က စက်တင်ဘာလ ၅ ရက်တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီကလည်း မကြာခဏ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေ၍ အရပ်သားများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးနေရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၃ ရက်တွင် သံတွဲမြို့နယ်၊ ပေါက်တူးကျေးရွာမှ ကလေးငယ်တစ်ဦး အပါအဝင် ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိသွားခဲ့ပြီး၊ စက်တင်ဘာ ၃ ရက်ကလည်း ဆင်ခေါင်းကျေးရွာမှ ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အာရက္ခတပ်တော်(AA) ပြောခွင့်ရသူ ဦးခိုင်သုခက “အခုလိုမျိုး အရပ်သားပြည်သူတွေ ခိုလှုံနေတဲ့နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်ဆိုတာက အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်တာဖြစ်သလို ဂျနီဗာကွန်ဗေးရှင်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် လေကြောင်းမှတစ်ဆင့် စစ်ဘက်၊ အရပ်ဖက်မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။

DMG က လက်လှမ်းမီသလောက် ကောက်ယူထားသော စာရင်းအရ ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် အရပ်သား ထိခိုက်သေဆုံးမှု ၈၀ ခန့်အထိ ရှိနေသည်။ 

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...