ဗန်းမောက်မြို့နယ်တွင် ရုတ်တရက် အပူချိန်မြင့်တက်မှုကြောင့် သေဆုံးမှုအထိရှိနေ

ဗန်းမောက်မြို့နယ်တွင် ရုတ်တရက် အပူချိန်မြင့်တက်မှုကြောင့် သေဆုံးမှုအထိရှိနေ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာလဒုတိယအပတ်အတွင်း  ရုတ်တရက်နေ့အပူချိန်တွေ မြင့်တက်လာတာကြောင့် ကျောင်းသား/သူတွေနဲ့  သက်ကြီးရွယ်အိုတွေဟာ မူးလဲတာ ၊ သေဆုံးတာတွေဖြစ်ပေါ်ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

နေ့အပူချိန်မြင့်တက်လာတဲ့ ဗန်းမောက်မြို့နယ် အနောက်ပိုင်းရပ်ဒေသက  စာသင်ကျောင်းတချို့က ကျောင်းသား/သူတွေ မူးလဲတာဖြစ်ပေါ်ခဲ့ပြီး ၊သက်ကြီရွယ်အို တချို့ ဦးနှောက်သွေးကြောပြတ်သည့် ဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ပါတယ်။

“ ဘယ်လောက်ထိဖြစ်တာလဲဆိုရင် မင်းကုန်းစာသင်ကျောင်းမှာဆိုရင် ကျောင်းသား၊ ကျောင်းသူတွေ မေ့လဲတာမျိုးတွေဖြစ်တယ်၊” လို့ ဗန်းမောက်အနောက်ပိုင်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

ရုတ်တရက် အပူချိန်မြင့်တက်တာကြောင့်  ကျန်းမာရေးဆေးပေးခန်းအနည်းငယ်သာရှိတဲ့ ဗန်းမောက်မြို့နယ် ကျေးလက်တွေမှာ  သက်ကြီးရွယ်အိုတွေဟာ ကျန်းမာရေးထိခိုက်မှုတွေပိုဖြစ်လာနေပါတယ်။

အပူရှိန်ကြောင့် မူးမေ့တာမျိုးတွေ တစ်ရက်ကို (၅ ) ဦးအထိ ဖြစ်ပွားနေပြီး  ရှမ်းနီအမျိုးသားများတပ်မတော် (SNA)  ဖွင့်လှစ်ပေးထားတဲ့ ကျန်းမာရေးဆေးခန်း တွေမှာ အောက်ဆီဂျင် ချိတ်ပေးရသည်ထိပင် ဖြစ်လာတယ်လို့   ဒေသခံတစ်ဦးထံမှ သိရပါတယ်။

“ ၁၉ ရက်နှင့် ၂၀ရက်တွေက ရက်ဆက်တိုက်နေပူတဲ့ခါကျတော့ ကလေးတွေတော့ မူးမေ့တာမျိုးတွေပေါ့ စိုးရိမ်ရလောက်သည်ထိတော့မဟုတ်သေးဘူး၊ အသက်ကြီးဘိုးတော် တစ်ယောက်တော့ သေသွားပြီ”  သူက ပြောပါတယ်။

ဗန်းမောက်မြို့နယ်မှာ အပူရှိန်က အသက်ရွယ်ကြီးသူတွေအတွက် စိုးရိမ်ရတဲ့အခြေနေရှိလာတယ်လို့လဲ ကျန်းမာရေးအကြောင်း တတ်သိနားလည်သူတွေက ပြောဆိုနေကြပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အသီးသီးက သစ်ထုတ်ယူ အလွန်အကျွံပြုလုပ်နေတခဲ့တာလည်းဖြစ်ပါတယ်။

စက်တင်ဘာလ ဒုတိယအပတ်အတွင်းမှာ ရာဂီမုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ ခုမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

May 1, 2026
ကချင်ပြည်နယ်၊ကာမိုင်း-ဖားကန့် လမ်းပိုင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF...
April 30, 2026
ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို တမံအရွယ်အစားနဲ့ ဆည်ရဲ့...
April 29, 2026
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသအတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးဖို့အတွက်...
ရပ်နားထားရတဲ့ မိုးညှင်းဘူတာကို ၂၀၂၅ ခုနှစ်ကုန်ပိုင်း မြင်ကွင်း/ShanNi Voice
April 28, 2026
ကချင်ပြည်နယ်အတွင်းရှိ ၂၀၂၁ ခုနှစ်ကနေ ငါးနှစ်အကြာပိတ်ထားတဲ့ မိုးညှင်းမြို့မှ မြစ်ကြီးနားမြို့အထိ...