ဘောလခဲမြို့က ရေဘေးသင့်ပြည်သူတွေကို စစ်ကောင်စီက တစ်မိသားစုကို ဆန် ၄ပြည်နှုန်းနဲ့ ကန့်သတ်ရောင်းချပေး

ဘောလခဲမြို့က ရေဘေးသင့်ပြည်သူတွေကို စစ်ကောင်စီက တစ်မိသားစုကို ဆန် ၄ပြည်နှုန်းနဲ့ ကန့်သတ်ရောင်းချပေး

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကရင်နီပြည်  ဘောလခဲမြို့မှာ ရေဘေးသင့်ပြည်သူတွေကို စစ်ကောင်စီက တစ်မိသားစုကို  ဆန် ၄ ပြည်နှုန်းနဲ့ ကန့်သတ်ပြီး ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယပတ်အတွင်းမှာ ဘောလခဲမြို့တွင်းမှာလည်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ဒေသခံတွေပြည်သူတွေဟာ ရေဘေးရှောင်ခဲ့ရပါတယ်။

ကုန်စည်စီးဆင်းမှုမရှိတဲ့ ဘောလခဲမြို့ထဲက ဒေသခံတွေဟာ စားသောက်ဖို့အတွက် ဆန်ကို စစ်ကောင်စီတပ်က ရောင်းချမှသာ ဝယ်ယူကြရတာဖြစ်ပြီး အိတ်လိုက် ဝယ်ယူရတာမဟုတ်ဘဲ ပြည် နဲ့ သာ ရောင်းချပေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆန်ကတော့ တပ်ကို အားကိုးနေရတဲ့ အနေအထားပါ။ ဟင်းကတော့ အမြဲဖြစ်သလိုပါ။ အိတ်နဲ့ မရောင်းပေးပါ။ တစ်မိသားစုကို ၄ပြည်လောက်ပဲ။” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီက ဆန်တပြည်ကို ၈၀၀၀ ကျပ် နှုန်းနဲ့ တစ်မိသားစုကို ၄ပြည်သာ ရောင်းချပေးခဲ့ပါတယ်။ ဘောလခဲမြို့တွင်းက ဒေသခံအများစုကတော့ ဆန်ဝယ်ယူလို့မရတဲ့နေ့တွေမှာ ဆန်ပြုတ်သာ ချက်စားရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ နေအိမ် ရေနစ်မြှုပ်ခဲ့တဲ့ ဒေသခံတွေဟာ ရေဘေးလွတ်တဲ့ စာသင်ကျောင်းနဲ့ စုစည်းရပ်ကွက်မှာ စုပေါင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

“ခုလက်ရှိတော့ တချို့က ကျောင်းမှာ နေသေးပေမဲ့ တော်တော်များများက ရေလွတ်ရာ စုစည်းရပ်ကွက်မှာ နေနေကျတယ်။” လို့ သူက ပြောပါတယ်။

မြို့တွင်းမှာ ရေပြန်ကျလာပြီဖြစ်ပေမယ့် နှုံး ၊ ဗွက်၊ အမှိုက်သရိုက်တွေရှိနေသေးတာကြောင့် ဒေသခံတွေဟာ ပြန်နေထိုင်ခြင်း မရှိသေးပါဘူး။

ဘောလခဲမြို့ပြင်ပတ်လည်မှာ တော်လှန်ရေးတပ် နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ကုန်စည်စီဆင်းမှုမရှိတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။

March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...
March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...
February 28, 2026
စစ်ရေးအခြေအနေပြင်းထန်ပြီး စစ်ဘေးရှောင်တွေများပြားနေတဲ့ ကရင်နီပြည်မှာ စားဝတ်နေရေး...