ဖယ်ခုံမြို့နယ်က ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် အရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်ရှုတ်ချ

ဖယ်ခုံမြို့နယ်က ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် အရပ်ဖက်အဖွဲ့အစည်း ၃၀၀ ကျော်ရှုတ်ချ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အပေါ် အရပ်ဘက် အဖွဲ့စည်းပေါင်း ( ၃၁၆ ) ဖွဲ့က ပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်ချက်ကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီ အရပ်ဖက်အဖွဲ့အစည်း၊ မြန်မာအရပ်ဖက်အဖွဲ့အစည်းနဲ့ တော်လှန်ရေး အင်အားစုတွေပူးပေါင်းပြီး ထုတ်ပြန်ချက်ထုတ်ကာ ရှုတ်ချထားတာဖြစ်ပါတယ်။

“လုံးဝလူသားဆန်တဲ့ လုပ်ရပ်မဟုတ်တဲ့ အတွက်ကြောင့် လက်ခံနိုင်စရာ အကြောင်းလုံးဝမရှိဘူး။ အပြစ်မဲ့တဲ့ ကလေးသူငယ်တွေ ဆုံးရှုံးရတာဟာ ဒါ ကျမတို့ အများကြီး ( အများကြီး) နစ်နာပါတယ်။ အဲဒါနဲ့ ပတ်သတ်ပြီး‌တော့မှ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေကနေပြီးတော့မှ ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုတွေ ကိုအမှန်တစ်ကယ် လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာလည်း ကျမပြောကြားလိုပါတယ်။” လို့ ကရင်နီအရပ်ဖက်အဖွဲ့အစည်းထဲက New Horizon institute ကျောင်းတည်ထောင်သူ ဆရာမလီလီက ကပြောပါတယ်။

ဘန်ကောက်စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၁၅နှစ်အောက် ကလေး ၈ဦး၊ အသက်၄၀ ဝန်းကျင် လူကြီး နှစ်ဦးသေဆုံးခဲ့ပြီး အယောက် ၂၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ အပြင်းထန်ဒဏ်ရာရသူ ၈ ဦးရှိနေပြီး လက်ရှိအချိန်ထိ ဆေးကုသနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဘန်ကောက်စစ်ရှောင်စခန်းမှာ နောင်တစ်ချိန်ကျရင် အောက်မေ့ဖွယ်နေရာတစ်ခုလို အမှတ်ရစေဖို့ အခင်းဖြစ်ပွားတဲ့နေရာနားတစ်ဝိုက်ကို မျဥ်းတားထားတယ်လို့လည်း ဆိုပါတယ်။

အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု ရရှိရေး ဖော်ဆောင်ရာမှာ နစ်နာသူ၊ ပြုလုပ်သူ နှစ်ဦးနှစ်ဖက်လုံးအတွက် လုပ်ဆောင်ဖို့လိုမယ်လို့ ထုတ်ပြန်ချက်ရဲ့မီဒီယာပြောရေးဆိုခွင့်ရှိသူ အလား ကပြောပါတယ်။

“သူတို့ကို အသိမှတ်ပြုတဲ့ဟာမျိုးတွေ၊ သူတို့အတွက် အမှတ်တရ ဖြစ်နိုင်မဲ့ ပုံစံလေးတွေပေါ့နော။ gallery ( မှုခင်းတွေရဲ့ စင်္ကြံ ) ပုံစံမျိုးတွေလေး။ အဲဟာကို အသိမှတ်ပြုပြီး လုပ်ဆောင်ပေးတဲ့ ဟာမျိုး‌တွေ လုပ်ဖို့လိုသလို အိုးအိမ်ဆုံးရှုံးသွားတဲ့သူကိုကျ ဘာပဲဖြစ်ဖြစ် ပြန်လည်ထူထောင်ရေးမှာ အထူးအလေးထားထည့်သွင်းစဥ်းစားဖို့လိုတယ်။” လို့ပြောပါတယ်။

လက်ရှိကြားကာလမှာ အရပ်ဖက်အဖွဲ့အစည်းတွေက အသွင်ကူးပြောင်းရေးအတွက် တစ်စုံတစ်ရာ ဆွေးနွေးထားတာ ၊ လုပ်ဆောင်နေတာ မရှိသေးဘူးလို့လည်းပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ကစလို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီပြည်မှာ အရပ်သား ၅၁၅ ဦးသေဆုံးခဲ့ပြီး ဘုရားကျောင်း ၅၂ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်း နဲ့ ဆေးရုံ ၁၆ ခု ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

Most read this week

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...