သံဖြူဇရပ်တွင် သုံးပတ်အတွင်း မြေမြုပ်မိုင်းနင်းမိမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွား

သံဖြူဇရပ်တွင် သုံးပတ်အတွင်း မြေမြုပ်မိုင်းနင်းမိမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းတွင်  ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်လာလ ၁၀ ရက်နေ့ထိ မြေမြုပ်မိုင်းပေါက်ကွဲမှု ၆ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီကျေးရွာတွင် အသက် ၃၅ နှစ်အရွယ် ကိုဗထူးဆိုသူသည် ရော်ဘာခြံသို့ သွားစဉ် မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ကိုဗထူးသည် ပြင်းထန်ဒဏ်ရာရရှိပြီး သံဖြူဇရပ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်။

ဩဂုတ်လနောက်ဆုံးအပတ်နှင့် စက်တင်ဘာလအတွင်းတွင် သံဖြူဇရပ်မြို့နယ် ရဲတံခွန်းကျေးရွာအနီးဝန်းကျင် ရော်ဘာခြံတွင် အမျိုးသားသုံးဦး မြေမြုပ်မိုင်းနင်းမိပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်။

၎င်းပြင် သံဖြူဇရပ်မြို့နယ်၊ အောင်သာယာကျေးရွာတွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်းနင်းမိသေးသည်။

မြေမြုပ်မိုင်းနင်းမိသူများသည် ရွာအနီးနားတဝိုက်ရှိ ရော်ဘာခြံသွားရင်းနင်းမိသူများရှိသလို တောထဲ တောင်ထဲ ထင်း၊ ဝဥ သွားရှာရင်း နင်းမိသည်လည်း ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဒေသခံများ စိုးရိမ်ကြောင်ရွံ့နေကြပြီး တောထဲ တောင်ထဲသွား အလုပ်လုပ်ရန်လည်း အခက်အခဲရှိနေကြသည်။

မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြေမြုပ်မိုင်းနင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားလာပြီး အထူးသဖြင့် စစ်ရေးတင်းမာနေသည့် ရေး၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်းက ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရကြသည်။

ပြည်နယ်အတွင်း မြေမြုပ်မိုင်းနင်းမိပေါက်ကွဲမှုအရပ်သား သေဆုံးမှုရှိသလို ခြေထောက်ပြတ်တောက်တာ၊ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေသည်။

May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...