စစ်အင်အား တစ်သောင်း ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စဆောင်ရွက်သွားမည်ဟု PNO စစ်အင်အားထုတ်ပြ

စစ်အင်အား တစ်သောင်း ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စဆောင်ရွက်သွားမည်ဟု PNO စစ်အင်အားထုတ်ပြ

ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စစ်အင်အား တစ်သောင်းဖြင့် စီမံဆောင်ရွက်သွားမည်ဟု ပအိုဝ်းပြည်သူ့စစ် PNO က ထုတ်ပြန်လိုက်သည်။

ယနေ့ ( သြဂုတ် ၂၁) ရက်တွင် ပင်လောင်းမြို့နယ် နောင်တရားမြို့တွင် ပအိုဝ်းပြည်သူ့စစ် PNO ဦးဆောင်ပြီး သင်တန်းအောင်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်တယ်။ ဒီနေ့နောင်တရားမှာ သင်တန်းဆင်းပွဲလုပ်သွားတာ။ အဓိကတော့ စစ်အင်အားပြချင်တာပေါ့။ ဒါပေမဲ့ လက်နက်တွေတော့ မတွေ့ရဘူး။ စစ်ဝတ်စုံပဲတွေ့ရတယ်” ဟု ပင်လောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် ဒေသကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ရန် အမှတ်စဉ် (၁)၊ စစ်အင်အား (၁) သောင်းဖြင့် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း PNO ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

သြဂုတ်လ ပထမပတ် ကစပြီး အသက် ၁၈ နှစ်မှ အသက် ၄၀ နှစ်အရွယ် ဆောင်းပြောင်း ဒေသခံများကို PNO တပ်ထဲ စစ်မှုထမ်းရမည်ဟု ပြောဆိုထားသကဲ့သို့ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များကိုလည်း PNO တပ်ထဲဝင်ကြောင်းလက်မှတ်ထိုးမှသာလျှင် ပြန်လာနေခွင့်ပြုမည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း ဒေသခံများကပြောသည်။

Most read this week

August 11, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နေရာအများအပြားတွင် ရေကြီးမှုများ...
ဓာတ်ပုံ - (Crd) တာချီလိတ် ကျားဖြန့်လုပ်ငန်းမှ ထွက်ပေးလွတ်မြောက်လာသည့် ရုရှားသူ
August 11, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့ဘက်ရှိ အွန်လိုင်းကျားဖြန့် (ကျားဖျန့်) လိမ်လည်မှု...
August 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ...
August 6, 2026
သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမိုးရာသီ ကာလအတွင်း ရာသီ...