တရုတ်ချေးငွေ သတင်းကြာင့် ယွမ်နှင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေစျေး ပြုတ်ကျ

တရုတ်ချေးငွေ သတင်းကြာင့် ယွမ်နှင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေစျေး ပြုတ်ကျ

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ် ၁၄ ရက် နေပြည်တော်သို့ လာရောက်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် တရုတ် ချေးငွေ သတင်းထွက်ပေါ်လာပြီး ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်) ပြည်တွင်း စျေးကွက် အတွင်း တရုတ်ယွမ် နှင့်အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ စျေးပြုတ်ကျပြီး မြန်မာကျပ်ငွေတန်ဖိုး ပြန်တက်လာကြောင်း စျေးကွက် အတွင်းမှ သိရသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး လာရောက်ပြီးနောက် တရုတ်နိုင်ငံမှ စစ်ကောင်စီကို အတိုးမဲ့ချေးငွေ ဒေါ်လာ (သို့မဟုတ်) ယွင်ငွေ သန်း ၃၀၀၀ (၃ ဘီလီယံ) ထုတ်ချေးခဲ့ကြောင်း ယနေ့ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခင်ရက်များက အမေရိကန် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စျေးတက်နေရာမှ ယနေ့ ကျပ် ၅၅၀၀ ဝန်းကျင်တရုတ် ယွမ်ငွေ ၁၀၀ လျှင်ကျပ် ၉၀၀၀၀ ဝန်းကျင်မှ ကျပ် ၆၀၀၀၀ ဝန်းကျင် အထိ စျေးပြုတ်ကျသွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရရှိရသည်။

“ တရုတ်က အတိုးမဲ့ ချေးငွေ ပေးတယ်လို့ သတင်းထွက်တယ်။ ဒါပေမယ့် တကယ်ပေးမပေး ဘယ်သူမှ အတည်မပြုနိုင်သေးဘူး။ တရုတ်သတင်းတွေမှာလည်း မတွေ့ သေးဘူး။ ပေးတယ်ဆိုရင်လည်း ယွမ် သန်း ၃၀၀၀ (ဒေါ်လာသန်း ၄၀၀ ဝန်းကျင်) ပဲ ဖြစ်နိုင်မယ်။ ဒေါ်လာ သန်း ၃၀၀၀ တော့ မဖြစ်နိုင်ဘူး” ဟု တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။

ယနေ့ (သြဂုတ် ၁၆) ရက်တွင် စျေးကွက် အတွင်း တရုတ်ယွမ် ၁၀၀ လျှင် မြန်မာကျပ်ငွေ ၆၃၀၀၀ ဝန်းကျင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၆၀၀၀ ကျပ် ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး အတက်အကျကြမ်းသဖြင့်စျေးနှုန်း အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း ငွေကြေးရောင်းဝယ်နေသူ တစ်ဦးက ဆိုသည်။

“တရုတ်ချေးငွေသတင်း စောင့်ကြည့်ရမယ်။ တကယ်ချေးတာ ဆိုရင်တောင် ဒေါ်လာ သန်း ၄၀၀ (ယွမ်သန်း ၃၀၀၀) လောက်က ဘာမှ မဟုတ်ဘူး။ ဒေါ်လာ ၃ ဘီလီယံ ဆိုရင်တော့ ကျပ်ငွေ ပြန်မာမယ်၊ ဈေးငြိမ်သွားမယ်။ ချေးငွေမရဘူး ဆိုရင်တော့ စျေးပြန်ထောင်တက်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တရုတ် ချေးငွေ ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် အချို့ထံ မေးမြန်းသော်လည်း သတင်းထွက်ပေါ်နေသည်ကို ကြားရကြောင်း အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

“တရုတ်ချေးငွေ ကိစ္စကတော့ ကြားတယ်။ ဟုတ်မဟုတ် မသိဘူး။ စက်သုံးဆီကတော့ သီလဝါမှာ ဆီချနေပြီ၊ အခုရက်ပိုင်း အတွင်း ပြေလည်သွားမယ် ရေရှည်ကတော့ မပြောတတ်သေးဘူး” ဟု လုပ်ငန်းရှင် တစ်ဦး ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်း စီးပွားရေး အ ခြေအနေ ဆိုးရွားလာရာက ကျပ်ငွေ အားပျော့လာပြီး ဒေါ်လာ စျေးနှုန်း ၄ ဆ အထိ မြင့်တက်လာသည့် နည်းတူ စက်သုံးဆီ ပြတ်လပ်မှု မကြာခဏ ဖြစ်ပေါ်နေကာ အခြေခံ ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေသဖြင့် ပြည်သူလူထု အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...