ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြသည့် Non-CDM ဝန်ထမ်း ၉၀ နီးပါးသည် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်ကြ သည်ဟုသိရသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများကို မေလ ၉ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေးခဲ့ရာမှာ သတ်မှတ်ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း (၈၈) ဦးအလင်းဝင်ရောက်လာသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သတ်မှတ်ကာလအတွင်း အလင်းဝင်ရောက်လာသူများထဲမှာ ကျန်းမာရေးနှင့် ပညာရေးဌာနကအများဆုံးဖြစ်သည်။

အလင်းဝင်ရောက်ခြင်းမရှိသည့် Non-CDM များမှာ ကန်ပက်လက်မြို့ကိုစွန့်ခွါ၍ ပြည်မဘက်သို့ထွက်ပြေးတိမ်းရှောင် သွားကြသည်ဟုသိရသည်။

ကန်ပက်လက်မြို့ဒေသခံ အမျိုးသားတဦးက “(၇)ရက်နေ့နောက်ဆုံး ဝန်ထမ်းတွေ CDM ဝင်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့က သတ်မှတ်ထားတော့ ဝန်ထမ်းတွေလည်း ရှောင်နေကြတာ၊ပြည်မဖက်သွားပြီ တွဲဖက်မယ့်နေရာလိုက်ရှာနေကြတယ်။တချို့က စိတ်ပူပြီးမှပြောင်းရွေ့ကြတယ်ဆောဖက်ကို။” ဟု ပြောသည်။

တချိန်တည်းမှာပဲ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်ပျက်စာရင်းအဖြစ် ကြေညာထားသော ပညာရေးဝန်ထမ်း ၁၀ ဦးသည် CDM ပြုလုပ်ထားကြောင်းသက်သေအထောက်အထားဖြင့်အယူခံဝင်လာ၍ စစ်ဆေးရာမှာ CDM ပြုလုပ်ကြောင်းထင်ရှားပေါ်လွင်သည့်အတွက် အမည်ပျက်စာရင်းမှပယ်ဖျက်ခဲ့သည်ဟု သိရသည်။

Most read this week

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...