ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

ကန်ပက်လက်မြို့နယ်က Non-CDM ဝန်ထမ်း ၉၀ နီးပါး အလင်းဝင်

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေကြသည့် Non-CDM ဝန်ထမ်း ၉၀ နီးပါးသည် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ထံသို့ အလင်းဝင်ရောက်ကြ သည်ဟုသိရသည်။

ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများကို မေလ ၉ ရက်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အလင်းဝင်ရောက်ကြရန် သတိပေးခဲ့ရာမှာ သတ်မှတ်ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း (၈၈) ဦးအလင်းဝင်ရောက်လာသည်ဟု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် သတင်းထုတ်ပြန်သည်။

သတ်မှတ်ကာလအတွင်း အလင်းဝင်ရောက်လာသူများထဲမှာ ကျန်းမာရေးနှင့် ပညာရေးဌာနကအများဆုံးဖြစ်သည်။

အလင်းဝင်ရောက်ခြင်းမရှိသည့် Non-CDM များမှာ ကန်ပက်လက်မြို့ကိုစွန့်ခွါ၍ ပြည်မဘက်သို့ထွက်ပြေးတိမ်းရှောင် သွားကြသည်ဟုသိရသည်။

ကန်ပက်လက်မြို့ဒေသခံ အမျိုးသားတဦးက “(၇)ရက်နေ့နောက်ဆုံး ဝန်ထမ်းတွေ CDM ဝင်ရမယ်ဆိုပြီး ကာကွယ်ရေးအဖွဲ့က သတ်မှတ်ထားတော့ ဝန်ထမ်းတွေလည်း ရှောင်နေကြတာ၊ပြည်မဖက်သွားပြီ တွဲဖက်မယ့်နေရာလိုက်ရှာနေကြတယ်။တချို့က စိတ်ပူပြီးမှပြောင်းရွေ့ကြတယ်ဆောဖက်ကို။” ဟု ပြောသည်။

တချိန်တည်းမှာပဲ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အမည်ပျက်စာရင်းအဖြစ် ကြေညာထားသော ပညာရေးဝန်ထမ်း ၁၀ ဦးသည် CDM ပြုလုပ်ထားကြောင်းသက်သေအထောက်အထားဖြင့်အယူခံဝင်လာ၍ စစ်ဆေးရာမှာ CDM ပြုလုပ်ကြောင်းထင်ရှားပေါ်လွင်သည့်အတွက် အမည်ပျက်စာရင်းမှပယ်ဖျက်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ -(ပုံဟောင်း / Crd)
August 28, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင်...
August 28, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းပြည်မြောက်ပိုင်း ဖလမ်းနှင့် တီးတိန်မြို့သို့ ဆက်သွယ်ထားသည့်...
August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...