SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိနေအိမ် ဖျက်ဆီးခံရ

SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိနေအိမ် ဖျက်ဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်)တွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၆) မြဝတီလမ်းရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ်တွင် စောင့်ဆိုင်းနေသူများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ ဝင်ရောက်မောင်းထုတ်ပြီး၊ နေအိမ်ကို ဖျက်ဆီးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အိမ်မှာလည်း အိမ်စောင့်ကလွဲပြီး ဘယ်သူမှ မကျန်ခဲ့ဘူး။ အိမ်စောင့်တဲ့သူကို MNDAA တို့က မောင်းထုတ်တယ်။ နောက် MNDAA တွေ ပြန်ထွက်သွားလို့ အစောင့်က ပြန်သွားကြည့်တော့ အားလုံး တစ်စစီ ဖျက်ဆီးခံထားရပြီ”ဟု မျက်မြင်ကိုယ်တွေ့ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့် နေရာဖြစ်ပြီး၊ MNDAA သည် လားရှိုးမြို့၌ အလုံးစုံနီးပါး ထိန်းချုပ်ကာ အုပ်ချုပ်ရေး ယန္တရား စတင်လှည်ပတ်နေပြီဟုလည်း ထုတ်ပြန်ထားသည်။

လားရှိုးမြို့အတွင်း နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားသကဲ့သို့ စစ်ကောင်စီဘက်မှလည်း လေကြောင်းဖြင့် ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်ကာ ဒေသခံ ၉၀ ရာခိုင်နှုန်းသည် လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့ကြောင့် လားရှိုးမြို့တွင် ဒေသခံများ နေအိမ်ကို စွန့်ခွာထွက်ပြေးနေချိန် ၎င်းနေအိမ်များ၊ ဆိုင်ခန်းများရှိ လူသုံးကုန်ပစ္စည်းများကို နေ့စဉ် ဖောက်ထွင်း ခိုးယူခံရခြင်း၊ ဖျက်ဆီးခံနေရကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် ညပိုင်းတွင် ‘ဝ’ တပ်ဖွဲ့ UWSA ဝင်ရောက်လာပြီးနောက် လားရှိုးမြို့ကို တရားမျှတစွာ အုပ်ချုပ်မည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်တွင် ထပ်မံထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...
ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...
ဓာတ်ပုံ - Crd (ပင်းပက်သံမဏိစက်ရုံနေရာပုံ)
August 25, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို...
ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...