ကြားအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ရှိ ကျေးရွာအချို့တွင် ဘတ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်နေ

ကြားအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ရှိ ကျေးရွာအချို့တွင် ဘတ်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်နေ

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာအချို့တွင် အရောင်း အဝယ်ပြုရာ၌ မြန်မာကျပ်ငွေ တန်ဖိုးကျနေသည့်အတွက် ထိုင်းဘတ်ငွေဖြင့် ငွေပေးငွေချေ ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

ယခုလို ကျပ်ငွေတန်ဖိုးကျဆင်းလာသည့်အတွက် ထိုင်းဘတ်ငွေဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်တွင် ကွမ်းသီးနု အရောင်းအဝယ်ပြုလုပ်နေသူ တစ်ဦးက ယခုလိုပြောသည်။

“အခုက ကွမ်းသီးသွားဝယ်ရင် ခြံသမားတွေလည်း ထိုင်းဘတ်ပဲယူတယ်။ ကားသမားတွေလည်း ထိုင်းဘတ်ပဲ ယူတယ်။ မြန်မာငွေပေးရင် သူတို့လက်မခံဘူး။ အဓိကတော့ နယ်စပ်မှာ အရောင်းအဝယ် လုပ်ရတဲ့လုပ်ငန်းတွေဆိုရင် ဘတ်ငွေပဲသုံးတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်မြဝတီမြို့တွင်လည်း စျေးဆိုင်အများစုသည် မြန်မာကျပ်ငွေကို လက်မခံကြသလို အလုပ်သမားတို့အား လုပ်အားခပေးချေချိန်တွင် မြန်မာ ကျပ်ငွေအစားထိုင်းဘတ်ငွေနှင့် ပြောင်းလဲအသုံးပြု လာကြသည်ဟု သိရသည်။

ထို့အပြင် ကျေးရွာများတွင်လည်း ထိုင်းဘတ်ငွေကို တဖြည်းဖြည်း လက်ခံအသုံးပြုသူများလာကြသလို ကျပ်ငွေအစား ဘတ်ငွေကိုသာ ပြောင်းလဲ ကိုင်ဆောင်ထားကြသည်ဟု ကော့ကရိတ်မြို့နယ်ရှိ ဒေသခံတစ်ဦးက ဆိုသည်။

၎င်းက “အခုကျမတို့ ရွာတွေမှာ ဘတ်ငွေကို တော်တော်များများ ပြန်ကိုင်ထား ကြတယ်။ တချို့ဆို သားသမီး ထိုင်းက ငွေပြန်ပို့ရင် သူတို့ မြန်မာငွေ မယူတော့ဘူး။ ထိုင်းဘတ်ငွေပဲ ယူတယ်။ ငွေပြန်လဲရင် ကိုက်ပေမယ့် မြန်မာငွေ တန်ဖိုးက ကျပဲကျတော့ မြန်မာငွေကို ကိုင်မထားချင်ကြတော့ဘူး ။ သုံးဖို့လိုအပ်မှ  သွားလဲလိုက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ငွေလဲဈေးကွက်တွင် ဇူလိုင်လ ဆန်းပိုင်းက မြန်မာငွေကျပ်တစ်သိန်းလျှင် ဘတ် ၈၀၀နှုန်း ပေါက်ဈေးရှိရာမှ ဇူလိုင် လကုန်ပိုင်းတွင် ကျပ်တစ်သိန်းလျင် ၆၉၅ ဘတ်ထိသာ ပေါက်ဈေးရှိတော့ကြောင်း မြဝတီမြို့ ငွေလဲလုပ်ငန်းလုပ် ကိုင်နေသူများ ထံမှသိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...