စစ်မှုထမ်းရန် ဖမ်းဆီးခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ် ရာနှင့်ချီထွက်ပြေးနေ

စစ်မှုထမ်းရန် ဖမ်းဆီးခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ် ရာနှင့်ချီထွက်ပြေးနေ

မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန် အတင်းအကြပ် ဖမ်းဆီးခံရမှုများရှိနေ၍ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ မွတ်ဆလင်လူငယ် ရာနှင့်ချီမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ARSA၊ RSO မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် ဒုက္ခသည်စခန်းမှ လူငယ်များကို ပစ်မှတ်ထားဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲသို့ ပို့ဆောင်နေသဖြင့် ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒုက္ခသည်များက ပြောသည်။

“လမ်းသွားလမ်းလာလူငယ်တွေကို စောင့်ကြည့်ပြီး ဖမ်းတယ်။ ပြီးတော့ စစ်ကောင်စီဆီကိုပို့တယ်။ စစ်ကောင်စီက စစ်သင်တန်းပေးပြီးတော့ စစ်တိုက်ခိုင်းတာတွေရှိတဲ့အတွက် လူငယ်တွေက ထွက်ပြေးနေကြတာ။ တချို့ဆိုရင် စစ်ပွဲမှာသေသွားပြီလို့ သိရတယ်” ဟု ကူတူပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

ဒုက္ခသည်စခန်းမှ မွတ်ဆလင်များကိုဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပို့ဆောင်ခြင်းမရှိဘဲ စစ်ကောင်စီနှင့်လည်း ပူးပေါင်းခြင်းမရှိကြောင်း RSO အဖွဲ့က ငြင်းဆိုကြောင်း Fortify Rights ၏ ဇူလိုင် ၂၆ ရက်ထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၄ ခုနှစ်၊ မေလနှင့် ဇွန်လတွင် မွတ်ဆလင်ဒုက္ခသည်များ အတင်းအကြပ် တပ်သားစုဆောင်းခံရခြင်းနှင့် ပတ်သက်၍ RSO ခေါင်းဆောင်နှစ်ဦးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း Fortify Rights က ဆိုထားသည်။

ဒုက္ခသည်များမှာ စားဝတ်နေရေး အဆင်မပြေသည့်အပြင် စစ်မှုထမ်းရန် အတင်းအကြပ်ဖမ်းဆီးခံရမှုများကြောင့် အခြားနိုင်ငံများသို့ နည်းမျိုးစုံဖြင့် ထွက်ခွာမှုများရှိနေပြီး လမ်းခရီးတွင် သေဆုံးသွားသူများလည်း ရှိနေသည်။

“လူငယ်တွေက စခန်းမှာ မနေရဲကြတော့ဘူး။ မလေးရှားနိုင်ငံကို ပွဲစားတွေနဲ့ ထွက်ပြေးကြတာရှိတယ်” ဟု  ကူတူပါလောင်ဒုက္ခသည်စခန်းမှ နောက်ထပ် မွတ်ဆလင်တစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသ အရေးအခင်းတွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်း ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံနေရခြင်းဖြစ်သည်။ မွတ်ဆလင်များမှာ တစ်ဖက်နိုင်ငံက ဒုက္ခသည်စခန်းတွင် နေထိုင်နေသော်လည်း စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကြောင့် လုံခြုံမှုကင်းမဲ့နေကြရသည်။

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...