မိုးဗြဲရေကာတာ၊ ရေတံခါးဖောက်ချမှုကြောင့် ဘီးလူးချောင်းဘေးတစ်လျှောက်က နေအိမ် နဲ့ လယ်စပါးခင်း အများစု ရေနှစ်မြှုပ်

မိုးဗြဲရေကာတာ၊ ရေတံခါးဖောက်ချမှုကြောင့် ဘီးလူးချောင်းဘေးတစ်လျှောက်က နေအိမ် နဲ့ လယ်စပါးခင်း အများစု ရေနှစ်မြှုပ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးဗြဲရေကာတာမှ ရေတံခါးဖောက်ချမှုကြောင့် မိုးဗြဲမြို့ ၊ ဘီလူးချောင်းဘေးတစ်လျှောက်က နေအိမ်အများစု မှာ ရေနှစ်မြှုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီးလူးချောင်းဘေးမှာ နေထိုင်ကြတဲ့ ဒေသခံတွေ ၊ စစ်ဘေးရှောင်တွေကတော့ ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းမှသာ နေရာရွေ့ပြောင်းနိုင်ကြပြီး ရွေ့ပြောင်းသွားလာဖို့အတွက် အကူအညီလိုအပ်သူတွေလည်း ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။

“တချို့တလေတော့ ကျန်သေးတယ်။ ရှောင်တဲ့သူလည်း ပစ္စည်းအကုန်မရွေ့နိုင်ဘူး။ ညချိန်မှ ရေတက်လာတော့ ညမှ စရွေ့တဲ့သူလည်းရှိတယ်။ မိုးဗြဲမှာတော့ မရှိတော့ဘူး။ စစ်ရှောင်နေရာမှာပဲ တချို့တွေရှိသေးတယ်။” လို့ မိုးဗြဲဒေသခံနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။

မိုးဗြဲရေကာတာ ရေတံခါး ဖွင့်ချတဲ့နောက်ဆက်တွဲအနေနဲ့ မိုးဗြဲ ၊ ဝါရီဆူးပလိုင် ၊ ပီကင်းကောခူ ၊ ဘုရားဖြူ၊ ဘုရားနီ ကျေးရွာက စပါးခင်းလည်း ရေနှစ်မြှုပ်သွားတယ်လို့ ဆိုပါတယ်။ ရေနှစ်မြှုပ်သွားတဲ့ စပါးခင်း ဧက ၁၀၀၀ ခန့်ရှိတယ်လို့ IEC က ခန့်မှန်းပြောဆိုထားပါတယ်။

မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ခမရ (၄၂၂) တပ်ကနေ ဇူလိုင်လ ၂၅ရက်နေ့ နံနက်အစောပိုင်းကစပြီး မိုးဗြဲရေကာတာတံခါးကို ဖွင့်ချလိုက်တာကြောင့် ၂၄နာရီအတွင်း ဘီလူးချောင်းရေ ၈ပေအထိ မြင့်တက်သွားတယ်လို့ IEC က ဇူလိုင်လ ၂၅ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့မှစပြီး နောက် ၃ ရက်အတွင်း ရေ ထပ်မံမြင့်တက်လာနိုင်တာကြောင့် အရေးပေါ်အကူအညီအတွက် ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ရဲ့ စင်ကနယ် ဖုန်းနံပါတ်တွေ ဖြစ်တဲ့ +66 951 901 790 ၊ +66 955 751 317 ကို ဆက်သွယ်နိုင်ပါကြောင်း IEC က ထုတ်ပြန်အသိပေးထားပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...